ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် Sputnik Light ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထပ်မံရောက်ရှိ

နေပြည်တော် ဇန်နဝါရီ ၁၇

 

ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် Sputnik Light ကိုဗစ်-၁၉ ကာကွယ်ဆေး Doses ၅၁၂၀၀၀ သည် ယမန်နေ့နံနက် ၅ နာရီတွင် QATAR လေကြောင်းလိုင်းဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

 

ရုရှားနိုင်ငံမှ ထုတ်လုပ်သည့် Sputnik Light ကာကွယ်ဆေးများသည် လူတစ်ဦးလျှင် တစ်ကြိမ်သာ ထိုးနှံရန်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု ပိုမိုလျင်မြန်စွာ လွှမ်းခြုံနိုင်ရေးအတွက် အထောက်အကူ ဖြစ်စေရန် ဝယ်ယူထားသော Sputnik Light ကိုဗစ် ကာကွယ်ဆေး Doses တစ်သန်းအား ရုရှားနိုင်ငံ မော်စကိုမြို့မှ မြန်မာနိုင်ငံသို့ (၂) ကြိမ်ခွဲပြီး ပို့ဆောင်ပေးခဲ့သဖြင့် ပထမအသုတ်ကာကွယ်ဆေး  Doses ၄၈၈၀၀၀ကို ဇန်နဝါရီ ၁၃ ရက် နှင့် ဒုတိယသုတ် ကာကွယ်ဆေး Doses ၅၁၂၀၀၀ ကို ဇန်နဝါရီ ၁၆ ရက်တွင် ထပ်မံပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကာကွယ်ဆေးသိုလှောင်ခန်း၌ ထားရှိပြီး တိုင်းဒေသကြီး၊ ပြည်နယ်များသို့ ဆက်လက် ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်