ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၈၃၆၃ ဦးထပ်မံတွေ့ရှိ

မော်စကို ဒီဇင်ဘာ ၁၆

 

ရုရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၈၃၆၃ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၁၀၁၀၃၁၆၀ ရှိလာကြောင်း ရုရှားနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်ရေးနှင့် တုံ့ပြန်ရေးစင်တာ၏ ပြောကြားချက်အရ သိရသည်။

 

ရုရှားနိုင်ငံတစ်ဝန်း၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၁၄၂ ဦးထပ်မံတွေ့ရှိခဲ့သဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၂၉၂၈၉၁ ဦးရှိလာကြောင်း သိရသည်။

 

ထို့ပြင် ရုရှားနိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၃၅၆၃၃ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် ကိုဗစ်-၁၉ရောဂါမှ ပြန်လည် ကျန်းမာလာသူပေါင်း ၈၈၃၉၆၃၃ ဦး ရှိလာကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိဆဲလူနာ စုစုပေါင်း ၉၇၀၆၃၆ ဦး ရှိကြောင်း သိရသည်။

 

မြို့တော်မော်စကိုသည် ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုအများဆုံး ဒေသဖြစ်ပြီး လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၄၅၉ ဦး ရှိခြင်းကြောင့် မြို့တော်တစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၁၉၉၁၇၀၇ ဦးရှိလာကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်