ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ သူပေါင်း  ခြောက်သန်းကျော်ရှိလာ

mdn

 

မော်စကို ဇူလိုင် ၂၃

 

ရုရှားနိုင်ငံ၌ လွန်ခဲ့သောတစ်ရက်တာအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၄၄၇၁ ဦး ရှိလာ သဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရ သူပေါင်း ၆၀၅၄၇၁၁ ဦး ရှိလာကြောင်း ရုရှားနိုင်ငံ ကိုဗစ်-၁၉ ရောဂါတုံ့ပြန်ရေးစင်တာက ယနေ့ပြော ကြားသည်။

 

အလားတူ ရုရှားနိုင်ငံ၌ ကိုဗစ် - ၁၉ ရောဂါ ကြောင့် သေဆုံးသူ ၁၅၁၅၀၁ ဦး ရှိလာပြီး ရောဂါမှ ပြန်လည်သက်သာလာသူ ၅၄၂၇၄၅၇ ဦး ရှိကြောင်း သိရသည်။

 

နိုင်ငံရှိ ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုအများဆုံး ဖြစ်သည့် မော်စကိုဒေသတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၄၇၇၈၇၁ ဦးရှိသည်။ ရုရှားနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းကို အရှိန်မြှင့်တင်ရန်နှင့် ပြည်သူများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုခံယူခြင်း၏ အရေးကြီး ပုံကို အသိပညာပေးရန် ဖြစ်ကြောင်း သမ္မတပူတင်က အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောကြားသည်။

 

နိုဝင်ဘာလတွင် နိုင်ငံလူဦးရေ၏ ၈၀ ရာခိုင် နှုန်းအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးရန် ဆောင်ရွက်လျက်ရှိကြောင်း ရုရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် တက်ယာနာဂိုလီကိုဗာကပြောကြားသည်။ လက်ရှိအချိန်တွင် ပြည်သူ ၂၂ ဒသမ၆ သန်းအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးဖြစ်ကြောင်း ၎င်းကပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ ဘာသာပြန်-စိုးသူရ