ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၃၂၇၀ ထပ်မံတွေ့ရှိ

 

မော်စကို ဇူလိုင် ၃၀

ရုရှားနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၃၂၇၀ ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ရာ နိုင်ငံအတွင်း၌ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၆၂၁၈၅၀၂ ဦးရှိကြောင်း ရုရှားနိုင်ငံရောဂါတုံ့ပြန်ရေးစင်တာက ယနေ့ပြောသည်။

အလားတူ လွန်ခဲ့သော ၂၄ နာရီအတွင်း ၇၉၉ ဦးထပ်မံသေဆုံးခဲ့ရာ အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၁၅၆၉၇၇ ဦးရှိသည်။

သို့သော် လွန်ခဲ့သော ၂၄ နာရီအတွင်း ၂၀၈၃၄ ဦး ရောဂါမှ ပြန်လည်သက်သာ လာသည့်အတွက် ဆေးရုံများမှ ပြန်လည်ဆင်းသွားခဲ့ရာ ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်လာသူပေါင်း ၅၅၆၈၃၆၃ ဦးရှိသည်။

ရောဂါကူးစက်မှုဒဏ်ကို ဆိုးရွားစွာခံစားနေရသည့် မြို့တော်မော်စကို၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၁၄၉၉၁၃၁ ဦးရှိပြီဖြစ်သည်။ လက်ရှိအချိန်အထိ နိုင်ငံတစ်ဝန်း၌ ပြည်သူ ၁၅၉ သန်းကျော်အား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ စစ်ဆေးမှုများ လုပ်ဆောင်ပြီးဖြစ်သည်။ ။

လက်ရှိအချိန်အထိ ပြည်သူ သန်း ၂၀ ဝန်းကျင်အား Sputnik V ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်စလုံး ထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် Covivac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ပြည်သူ သုံးသိန်းအား ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။ ယခုရက်ပိုင်းအတွင်း ရုရှားနိုင်ငံ၏ ဒေသ ၁၀ ခု၌ ဗိုင်းရပ်စ်ကူးစက်မှု အရေအတွက် လျော့ကျလျက်ရှိသည်။

ကိုးကား-ဆင်ဟွာ၊

ဘာသာပြန်-အောင်ကျော်ကျော်