ရုရှားနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း Delta ကူးစက်သူဦးရေ ၁၄၀၀၀ ကျော်ရှိသဖြင့် ကူးစက်မှုမြင့်မား

ဇွန် ၁၈

 

ရုရှားနိုင်ငံအာဏာပိုင်များက အိန္ဒိယနိုင်ငံတွင် ပထမဆုံးတွေ့ရှိခဲ့သည့် ကိုဗစ်-၁၉ ဗီဇပြောင်း Delta ကူးစက်မှုများ ပြန်လည်ဖြစ်ပွားနေကာ ရုရှားနိုင်ငံအတွင်း ကူးစက်မှုလျင်မြန်စွာ ဖြစ်ပွားနေသည်ဟုဆိုသည်။

 

ဇွန် ၁၇ ရက်က ထိုရောဂါကူးစက်သူဦးရေ ၁၄၀၀၀ ကျော်ရှိသည်ဟု အတည်ပြုထုတ်ပြန်ထားသည်။

 

အဆိုပါကူးစက်မှုသည် ပြီးခဲ့သည့်မေလကထက် ရာခိုင်နှုန်း ၆၀ ကျော် မြင့်မားလာခြင်း ဖြစ်သည်။

 

မော်စကိုမြို့တော်ဝန် ဆာဂျီ ဆောရာနမ်က မြို့တော်တွင် ရက်အနည်းငယ်အတွင်း နေ့စဉ်ရောဂါကူးစက်ခံရသူဦးရေ ၃၀၀၀ မှ ၇၀၀၀ အထိ ရှိလာသည်ဟု အစိုးရအစည်းအဝေးတစ်ခုတွင် ပြောကြားသည်။

 

ယခင်ရောဂါကူးစက်မှုလှိုင်းများတွင် မရှိခဲ့သော ကြီးမားသောကူးစက်မှုဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။

 

မော်စကိုမြို့တော်တွင် စားသောက်ဆိုင်နှင့် ဘားဆိုင်များတွင် အလုပ်ချိန်ကန့်သတ်ခြင်းနှင့် ကုမ္ပဏီအများစုတွင် အလုပ်မလုပ်သည့်နေ့များအပါအဝင် ယခုသီတင်းပတ်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အရေးပေါ်အစီအမံများ ချမှတ်ခဲ့သည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို