ရုရှားနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ နှစ်သိန်းကျော်ထပ်မံတွေ့ရှိ

မော်စကို ဖေဖော်ဝါရီ ၁၃

ရုရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၀၃၇၆၆ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၃၉၃၅၅၆၀ ရှိလာကြောင်း ရုရှားနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်ရေးနှင့် တုံ့ပြန်ရေးစင်တာ၏ ပြောကြားချက်အရ သိရသည်။

ရုရှားနိုင်ငံတစ်ဝန်း၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၇၂၉ ဦး ရှိခြင်းကြောင့် လက်ရှိတွင် အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၃၃၉၅၄၂ ဦးရှိလာကြောင်း သိရသည်။

ထို့ပြင် ရုရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှဆင်းခွင့်ရရှိသူ ၁၁၂၆၅၈ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် ကိုဗစ်-၁၉ရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း ၁၁၁၃၄၂၉၁ ဦးရှိလာကြောင်း သိရသည်။

မြို့တော်မော်စကိုသည် ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူး စက်မှုအများဆုံးဖြစ်ပွားသည့်ဒေသဖြစ်ပြီး လွန်ခဲ့သည့်တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၄၃၃၆ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် ယင်းအရေအတွက်သည် ရောဂါကူးစက်ခံရသူပေါင်း ၂၅၉၁၃၈၀ ရှိလာကြောင်း သိရသည်။

ရုရှားနိုင်ငံ၌ နိုင်ငံသား ၈၆ သန်းခန့်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံမှု ခံယူပြီးဖြစ်ကြောင်းနှင့် ၈၁ သန်း ကျော်သည် ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ၊

ဘာသာပြန် - အလင်းသစ်