ရုရှားနိုင်ငံတွင် အစိုးရအဖွဲ့သစ် ကြေညာ

၂၂ ဇန်နဝါရီ

 

အဓိက ဝန်ကြီးများဆက်လက်ထားရှိမည့် အစိုးရအဖွဲ့တစ်ရပ်ကို  ရုရှားသမ္မတ ဗလာဒီမာပူတင်က ဖွဲ့စည်းလိုက်သည်။ 


ဝန်ကြီးချုပ်အသစ်ဖြစ်သည့် မစ်ဟေးလ်မစ်ဆူစတင်း အဆိုပြုသည့်ဝန်ကြီးများကို သမ္မတပူတင်က ယမန်နေ့က ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ 

 

63

 

နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် စွမ်းအင်ဝန်ကြီးများအပြင် အရှေ့ဖျားဒေသကို ဖွံ့ဖြိုးတိုးတက်ရေး အတွက် တာဝန်ယူထားရသည့် ဒုတိယဝန်ကြီးချုပ်တစ်ဉီးကို ယခင်နေရာများ၌ ဆက်လက်ခန့်အပ်ခဲ့သည်။

 

ဂျပန်နိုင်ငံ နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် တာဝန်ယူထားသည့် စီးပွားရေးဝန်ကြီး မက်မန် အိုရှီကီ၏ နေရာကို Maxim Reshetnikov ဖြင့် အစားထိုး ခန့်အပ်ခဲ့သည်။ 

 

အသက် ၄၀ အရွယ်ဖြစ်သည့် Reshetnikov သည် ၂၀၁၇ခုနှစ်တွင် အနောက်အလယ်ပိုင်းဒေသ၏ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ 

 

ဝန်ကြီးများအနေဖြင့် ၎င်း၏ မူဝါဒရည်မှန်းချက်များကို အောင်မြင်ရန် အတတ်နိုင်ဆုံး ကြိုးစားကြရမည်ဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။ 

 

သမ္မတ၏ ပေါ်လစီမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်နှင့် လူမှုဖူလုံရေးနှင့် ပညာရေးတို့ကို မြှင့်တင်ရန် ဖြစ်သည်။ 


ပူတင်သည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ရှေ့ဆက်လုပ်ဆောင်နေစဉ် အစိုးရအဖွဲ့အသစ်အား ခိုင်မာသည့် ရလဒ်များရရှိစေရန် ပူတင်အနေဖြင့် ဆန္ဒရှိပုံရသည်။

 

65

 

ပူတင်သည် ရုရှား၏ အာဏာတည်ဆောက်မှုကို ပြုပြင်ပြောင်းလဲရန် ကြိုးစားနေခြင်းဖြစ်သည်။ 

 

၂၀၂၄ခုနှစ်တွင် ပူတင်သည် သမ္မတ သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဉပဒေ ပြင်ဆင်ခြင်းသည် ၎င်း၏ အာဏာကို ဆက်လက်ထိန်းသိမ်းရန် နည်းလမ်းတစ်ခု ရှာရန် ရည်ရွယ်ထားကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။ 

 

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်