ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ စီးပွားရေး ကိုယ်စားလှယ်အဖွဲ့ သီလဝါအထူးစီးပွားရေးဇုန်  စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ

ရန်ကုန် မေ ၂

ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ စီးပွားရေးကိုယ်စားလှယ်အဖွဲ့သည် သီလဝါအထူးစီးပွား ရေးဇုန်  စီမံခန့်ခွဲမှု ကော်မတီမှ တာဝန်ရှိသူများနှင့် ယနေ့မွန်းလွဲပိုင်းတွင် တွေ့ဆုံပြီး  ရင်းနှီးမြုပ်နှံမှုဆိုင်ရာများနှင့်စပ်လျဉ်း၍ ဆွေးနွေးသည်။

ဦးစွာ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးရန်နိုင်ထွန်း နှင့် စီမံခန့်ခွဲ မှုကော်မတီအဖွဲ့ဝင်များ၊ OSSC မှ တာဝန်ရှိသူများက သီလဝါအထူးစီးပွားရေးဇုန်သို့ လာရောက် လေ့လာကြသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ စီးပွား‌ရေးကိုယ်စားလှယ်အဖွဲ့အား ရင်းနှီးနွေးထွေး စွာလက်ခံတွေ့ဆုံပြီး ရုရှား-မြန်မာသည် အစဉ်အလာအားဖြင့် ချစ်ကြည်ရင်းနှီးသော နိုင်ငံများ ဖြစ်ပြီး နှစ်နိုင်ငံနယ်ပယ် အသီးသီးတွင် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း၊ အလားတူ သီလဝါအထူးစီးပွားရေး ဇုန်တွင်    ရင်းနှီးမြုပ်နှံ မှုလုပ်ငန်းများ ဆောင်ရွက် နိုင်မည့် အခွင့်အလမ်း ဆိုင်ရာများကိုလည်း ရှင်းလင်းပြသဖိတ်ခေါ်လျက်ရှိကြောင်း ရှင်းလင်းပြောကြားပြီး နှစ်နိုင်ငံ စီးပွားရေးအခွင့် အလမ်းဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးသည်။  

ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးကိုယ်စားလှယ်အဖွဲ့မှ Mr.Marat Amirovich  က နှစ်နိုင်ငံ G to G ပူးပေါင်းဆောင်ရွက်မှုများရှိပြီး ရင်းနှီးမြုပ်နှံမှု ဆိုင်ရာကိစ္စရပ်များနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအား ချစ်ကြည်ရင်းနှီးစွာ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးသည်။

ယင်းနောက် စီးပွားရေးလုပ်ငန်းရှင်အဖွဲ့အား သီလဝါအထူးစီးပွားရေးဇုန်၏ လုပ်ငန်း ဆောင်ရွက်မှုတို့တွင် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် နိုင်ငံတော်မှ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများစွာ ဖော်ဆောင်ထားရှိမှုတို့ကို အသေးစိတ်ရှင်းလင်းပြသကာ ကိုယ်စားလှယ် အဖွဲ့အား အထူးစီးပွား‌ရေးဇုန်အတွင်း လှည့်လည်ပြသသည်။

သီလဝါအထူးစီးပွားရေးစက်မှုဇုန်တွင် နိုင်ငံပေါင်း ၂၁ နိုင်ငံမှ လာရောက်ရင်းနှီးမြုပ် နှံလျက်ရှိပြီး စုစုပေါင်းအမေရိကန်ဒေါ်လာ ၂၁၂၄ သန်း ရင်းနှီးမြုပ်နှံထားကာ မြန်မာနိုင်ငံ တွင် အောင်မြင်လျက်ရှိသည့် အထူးစီးပွားရေးဇုန်တစ်ခုဖြစ်သည်။ ပြည်ပသို့ ပို့ကုန်များ တိုးမြှင့်ဆောင်ရွက်နိုင်ခြင်း၊ ပြည်ပမှ သွင်းကုန်အစားထိုးလုပ်ငန်းများကို ဆောင်ရွက်ပြီး နိုင်ငံအတွက်လိုအပ်သော ဆေးဝါး၊ လူသုံးကုန်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်း၊ လူစီး မော်တော်ယာဉ်များ၊ လယ်ထွန်စက်များ၊ လယ်ယာသုံးစက်ပစ္စည်းများနှင့် ဓာတ်မြေဩဇာ များအပါအဝင် ကုန်ချောပစ္စည်းများကိုလည်း ထုတ်လုပ်ပေးလျက်ရှိသည်။ ပြည်တွင်း အလုပ်အကိုင်အခွင့် အလမ်းများတိုးတက်ရေးကို နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များနှင့်အညီ သီလဝါအထူးစီးပွားရေးဇုန်စီမံ ခန့်ခွဲမှုကော်မတီမှ စနစ်တကျ ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံတွင် အောင်မြင်နေသော အထူးစီးပွားရေးဇုန်တစ်ခုအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ - ကနူး  - ညိမ်းသူ(သတင်းစဉ်)