ရုရှားသမ္မတပူတင် ပေကျင်းဆောင်းရာသီအိုလံပစ်ဖွင့်ပွဲ အခမ်းအနား တက်ရောက်ဖွယ်ရှိ

နိုဝင်ဘာ ၂၄

 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလတွင် ကျင်းပမည့် ပေကျင်း ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ ရုရှားသမ္မတဗလာဒီမာပူတင် တက်ရောက်ရန် အစီအစဉ်ရှိကြောင်း ထုတ်ဖော်ပြောကြားသည်။

 

တရုတ်သမ္မတရှီကျင့်ဖျင်က ၎င်း၏မိတ်ဆွေကောင်း ပူတင်ကို အခမ်းအနား တက်ရောက်ရန်ဖိတ်ကြားခဲ့ပြီး ထိုဖိတ်ကြားချက်ကို ပူတင်က ဝမ်းမြောက်ဝမ်းသာလက်ခံခဲ့သည်ဟု ထိုဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Zhao Lijian က သတင်းထောက်များကို ယမန်နေ့က ပြောသည်။

 

ရှီကျင့်ဖျင်သည် ရုရှားနိုင်ငံတွင် ကျင်းပသော ဆိုချီဆောင်းရာသီအားကစားပြိုင်ပွဲ ၂၀၁၄ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားခြင်းခံခဲ့ရသည်ဟု Zhao ကဆိုသည်။ 

 

ပူတင်၏ခရီးစဉ်သည် နှစ်နိုင်ငံအကြား နီးကပ်သည့်ဆက်ဆံရေး ဖြစ်ကြောင်း ၎င်းကထပ်လောင်းပြောကြားသည်။

 

ထိုခရီးစဉ်၏ အသေးစိတ်အချက်လက်များကို ဆုံးဖြတ်ချက်ချမှတ်ပြီးပါက နှစ်နိုင်ငံပူးတွဲ ထုတ်ပြန် ကြေညာသွားမည်ဟု ၎င်းကဆိုသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို