ရုရှားသတင်း ဝက်ဘ်ဆိုက်များအား ဖော်ပြမှုနဲ့ ပတ်သက်ပြီး Google အပေါ် ဆန့်ကျင် အရေးယူမှုများ ပြုလုပ်သွားမည့် ကရင်မလင်

မော်စကို ၂၂ နိုဝင်ဘာ


ရုရှားသတင်းမီဒီယာ ထိန်းညှိရေး အရာရှိ Alexander Zharov ဟာ ရုရှား သတင်းဝက်ဘ်ဆိုက်တွေကို Google မှာ ရှာဖွေမှုနဲ့ ပတ်သက်ပြီး ဘယ်လို လုပ်ဆောင်ပေးသွားနိုင်မလဲဆိုတာ Alphabet Inc’s (GOOGL.O)  ကုမ္ပဏီ အလုပ်အမှုဆောင်ဥက္ကဋ္ဌ Eric Schmidt ထံ တနဂငေ်္နွနေ့က စာရေးသား တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ “ကျွန်တော်တို့ နောက်ထပ် ဘာလုပ်သွားရမလဲဆိုတဲ့ အဖြေတစ်ခု လက်ခံရရှိမယ် ထင်ပါတယ်။ ကျွန်တော်တို့ မျှော်လင့်ချက်ကတော့ ရှေ့ဆက်သွားဖို့ပါ” လို့ ပြောကြားခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။ ၎င်းပေးစာနဲ့ ပတ်သက်ပြီး Eric Schmidt ကတော့ အဆိုပါ  သတင်းဝက်ဘ်ဆိုက်တွေဟာ Google မှာ စာရင်းကောက်ဖို့ ငြင်းဆိုထားကြောင်း တုံ့ပြန်ထားပါတယ်။


အဆိုပါ သတင်းဌာန နှစ်ခုလုံးဟာ ၂၀၁၆ ခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဟီလာရီကလင်တန်အတွက် အပြုသဘော မဆောင်တဲ့သတင်းတွေနဲ့ သတင်းအမှားတွေကို ပုံနှိပ်ဖြန့်ဝေခဲ့ကြောင်း အမေရိကန် စုံစမ်းရေးဌာန CIA က ပြောဆိုထားတာရှိပါတယ်။


Google ရဲ့ ပြောရေးဆိုခွင့်ရှိသူ Andrea Faville ကတော့ Google မှာ ဝက်ဘ်ဆိုက် တစ်ခုချင်းစီကို အဆင့် သတ်မှတ်ထားတာ မရှိပါဘူး၊ ဒါပေမဲ့ အဲ့ဒီ ဝက်ဘ်ဆိုက်တွေရဲ့ ကိုယ်ပိုင်အဆင့် အရည်အချင်းအတိုင်း အလိုအလျောက် စိစစ်သတ်မှတ်တာပဲ ရှိပါတယ်လို့ ပြောကြားခဲ့ပါတယ်။


စိုးမိုးဇော် (MDN)

Source> Reuters