ရူးအောင်ချစ်မယ့်လူ ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသမည်

နေပြည်တော်  ၉  စက်တင်ဘာ 


ရူးအောင်ချစ်မယ့်လူ ရုပ်ရှင်ဇာတ်ကားကို စက်တင်ဘာ ၁၂ ရက်တွင် တစ်နိုင်ငံလုံး ရုံတင်ပြသမည်ဖြစ်ကြောင်း ယမန်နေ့ညပိုင်းက ရန်ကုန်မြို့ သမ္မတရုပ်ရှင်ရုံတွင် ပြသသည့် Red Carpet Show အထူးပွဲမှ သိရသည်။


အဆိုပါ ဇာတ်ကားကို ရွှေစင်ဦး ရုပ်ရှင်ထုတ်လုပ်ရေးအတွက် ဒါရိုက်တာ အောင်ဇော်လင်းက ရိုက်ကူးထားပြီး အကယ်ဒမီ နေတိုး၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်နှင့် ရုပ်ရှင်သရုပ်ဆောင်များက ပါဝင်သရုပ်ဆောင်ထားသည့် အိမ်ထောင်ရေး အသိပညာပေးဇာတ်ကားဖြစ်သည်။


သန့်ဇင်ဝင်း