သာ​ကေတမြို့နယ်အတွင်း ဆီ​ဘောက်ဆာတစ်စီး မီး​လောင်

ရန်ကုန် ၈ ဩဂုတ်

သာ​ကေတမြို့နယ်၊ ၁၀ ​​/မြောက်ရပ်ကွက် ရတနာလမ်းမကြီး​ပေါ်ရှိ Energy စက်သုံးဆီဆိုင်​၀င်းအတွင်း၌ ဇူလိုင် ၈ ရက် နံနက် ၃ နာရီ ၂၅ မိနစ်ခန့်က ဂါလန် ၅၀၀ ဆံ့ ဒီဇယ်ဆီ​ဘောက်ဆာယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့သည်။

မီး​လောင်ရာသို့ ရန်ကုန်တိုင်း​ဒေသကြီး မီးသတ်ဦးစီးမှူး ဦးမျိုး၀င်း ဦး​ဆောင်​သော ကွပ်ကဲမှုယာဉ် လေးစီးနှင့်အတူ မီးငြှိမ်းသတ်ရေး ယာဉ် ၁၄ စီး အခြားအ​ထောက်အကူပြုယာဉ်များ၊ သ​​​န္ဓေ၊ အရန် မီးသတ်အင်အား ၁၇၀ ​ကျော်တို့က သွား​ရောက်ငြှိမ်းသတ်​ပေးခဲ့ကြသည်။

မီးစတင်​လောင်စဉ်က ဆိုင်ရှိ၀န်ထမ်းများက မီးသတ်​ဆေးဘူးများဖြင့် ကနဦး ငြှိမ်းသတ်ခဲ့ကြ​​သော်လည်း မီး​လောင်မှု ပိုမိုများပြားလာခဲ့ပြီး​ လောင်အား​ကောင်းလာခဲ့​သောမီးအရှိန်ကို မီးသတ်တပ်ဖွဲ့၀င်များက နံနက် ၃ နာရီ ၅၈ မိနစ်တွင် စတင်ထိန်း​ပေးနိုင်ခဲ့ပြီး နံနက် ၄ နာရီတွင် အပြီးငြှိမ်းသတ်​ပေးနိုင်ခဲ့သည်။

မီး​လောင်ရခြင်းအ​ကြောင်းမှာ ဆီ​ဘောက်ဆာ၏ မိန်းဖြူးခုံအတွင်းသို့​ ပေါက်​နေ​သော ဝါယာကြိုးကသွား​ရောက်ထိမိ​ရာမှ မီးစတင်​လောင်ရခြင်းဖြစ်​​ကြောင်း သိရသည်။

မီး​လောင်မှု​ကြောင့် ယာဉ်မောင်း သူရ​ဇော် ကို သာ​ကေတမြို့နယ်ရဲစခန်းမှ အမှုဖွင့်အ​ရေးယူထား​ကြောင်း သိရသည်။

ကိုကြီးတင်