သားအကြီးဆုံး မာနက်သည် ဝန်ကြီးချုပ်လောင်းတစ်ဦး ဖြစ်လာလိမ့်မည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်ပြောကြား

ဖနောင်ပင် ဒီဇင်ဘာ ၃

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆန်ဒက်တက်ချိုဟွန်ဆန်က ၂ဝ ပြည့်နှစ်တွင် ဝန်ကြီးချုပ်ရာထူးမှ အနားယူ ပြီးနောက် ၎င်း၏သားကြီး ဟွန်မာနက်သည် ဝန်ကြီးချုပ်လောင်းတစ်ဦး ဖြစ်လာလိမ့်မည်ဟု ဒီဇင်ဘာ ၂ ရက်က ထုတ်ဖော်ပြောလိုက်သည်။

အသက် ၆၉ နှစ်ရှိ ဟွန်ဆန်က ၎င်းသည် ၂၀၃၀ ပြည့်နှစ်အထိ ဝန်ကြီးချုပ်ရာထူးတွင် ဆက်လက် ရှိနေဦးမည် ဖြစ်ကြောင်းနှင့်တာဝန်မှ အနားယူပြီးနောက်ပိုင်းတွင်လည်း မာနက်ကို ဝန်ကြီးချုပ်လောင်း တစ်ဦးအနေဖြင့် အထွေထွေရွေးကောက်ပွဲတွင် အမည်စာရင်းတင်သွင်းသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဟွန်မာနက်သည် ဝန်ကြီးချုပ်လောင်းလျာတစ်ဦး ဖြစ်လာလိမ့်မည်ဟု မိမိအနေဖြင့်ကြေညာလိုကြောင်း ဟွန်ဆန်က ပြောကြားလိုက်သည်။ ဝန်ကြီးချုပ်ရာထူးအတွက် ၎င်းကိုအပြည့်အဝ ထောက်ခံပါကြောင်းဟွန်ဆန်က ဆက်လက်ပြောကြားခဲ့သည်။

အသက် ၄၄ နှစ်ရှိ မာနက် သည် လက်ရှိတွင်အာဏာရ ကမ္ဘောဒီးယား ပြည်သူ့ပါတီ၏ အမြဲတမ်း ကော်မတီအဖွဲ့ဝင် တစ်ဦးဖြစ်သည်။ ထို့အပြင် ၎င်းသည် တော်ဝင်ကမ္ဘောဒီးယား လက်နက်ကိုင်တပ်ဖွဲ့တွင် ဒုတိယကာကွယ်ရေးဦးစီးချုပ်နှင့် တော်ဝင်ကမ္ဘာဒီးယား စစ်တပ်တွင် တပ်မှူးတစ်ဦးလည်း ဖြစ်သည်။

ဆင်ဟွာ