သားအဖချင်းစကားများရန်ဖြစ်ရာက သားဖြစ်သူမှ ဝါးဆစ်ပိတ်တုတ်ဖြင့် ရိုက်နှက်၍ ဖခင်ဖြစ်သူ သေဆုံး

နေပြည်တော် ၁၇ ဇန်နဝါရီ 

 

ဇန်နဝါရီ ၁၆ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် တလုပ်ပင်ချောင်းကျေးရွာ၌ သားအဖချင်း စကားများရန်ဖြစ်၍ ရိုက်နှက်မှုဖြစ်ပွားရာ ဖခင်ဖြစ်သူအား ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ ကြက်ပြေးအလယ်စုကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေမှ သွားရောက်စစ်ဆေးမေးမြန်းခဲ့ရာ ၎င်းကျေးရွာနေ စောလှထွန်း (ခ) စောသာပို (၃၀)နှစ်သည် နေအိမ်တွင် ထန်းရည်မူးပြီး အိပ်နေသောကြောင့် ဖခင်ဖြစ်သူ ဦးမြဝင်းမှ နှိုးရာတွင် စကားများရန်ဖြစ်ပြီး စောလှထွန်း (ခ) စောသာပိုမှ ဦးမြဝင်းအား အရှည်(၂)ပေခွဲ၊ လုံးပတ်(၅)လက်မခန့်ရှိ ဝါးဆစ်ပိတ်ဝါးရင်းတုတ်ဖြင့် ရိုက်နှက်ခဲ့၍ ဦးမြဝင်းတွင် ဒဏ်ရာများရရှိခဲ့ကြောင်း၊ ဦးမြဝင်းအား ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားသောကြောင့် အရေးယူပေးရန် တိုင်တန်းချက်အရ တလုတ္ထော် နယ်မြေရဲစခန်း (ပ)၅၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

MDN