သာစည်မြို့၊ဘားအံနှင့် တာချီလိတ်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် နိုဝင်ဘာ ၁၇

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင် ဘာ ၁၅ ရက် ည ၉ နာရီ ၁၅ မိနစ်တွင် သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအုပ်စု၊ ကျွဲတပ်ဆုံ ကျေးရွာအနီးတွင် EXPRESS ခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉,၅၀၀ ကို သိမ်းဆည်း ရမိခဲ့ပြီး စစ်ဆေးချက်အရ ည ၁၁ နာရီတွင် ဘားအံမြို့၊ အမှတ်(၉) ရပ်ကွက်၊ ရေကျော်လမ်းရှိ ကွင်းဆက် တရားခံ မနန်းအေးအေးသိန်း၏နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၈၀၀ ကို လည်းကောင်း၊ ထို့အတူ ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၆ ရက် နံနက် ၁၀ နာရီတွင် တာချီလိတ်မြို့၊ ပါဆတ်ရပ်ကွက်၊ ပန်ကျန့်လမ်းတွင် ရာဆော်မောင်းနှင်လာသည့် IMPREZA အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ည ၁၀ နာရီခွဲတွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ စိုင်းလောင်ခေး(ခ) အိုက်ယောင်း၏ နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၂,၀၀၀ ၊ စိတ်ပြောင်းဆေးဝါး Happy Water ၂ ဒသမ ၅ ကီလိုကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(သတင်းစဉ်)