သာစည်မြို့နယ် ယင်းမာပင်ဈေးတွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

သာစည် ဧပြီ ၂၉

 

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီက မြို့နယ်အတွင်း  ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ကြိုတင်ကာကွယ်ရေး အတွက်   (Mask Campaign)နှင့် ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ပြည်သူလူထုသို့ အသိပညာပေးခြင်းတို့ကို ယန့ နံနက် ၈ နာရီက ယင်းမာပင်ဈေး၌  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင်    မြို့နယ် ကိုဗစ်-၁၉  ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ လုံခြုံရေး တပ်ဖွဲဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က     ပါးစပ်နှင့် နှာခေါင်းစည်း ၂၇၀၀ ကို မိတ္ထီလာ-တောင်ကြီး ကားလမ်းပေါ်   ဖြတ်သန်းသွားလာလျက်ရှိသည့်   ပြည်သူများနှင့် ယင်းမာပင်ဈေးမှ ဈေးရောင်းဈေးဝယ်များအား အခမဲ့ ဖြန့်ဝေပေးပြီး  စနစ်တကျ တပ်ဆင်ရန်နှင့် ကာကွယ်ရေးနည်းလမ်းများ လိုက်နာကြရန်  အသိပညာပေး ခြင်းများ ဆောင်ရွက်ခဲ့သည်။

(မြို့နယ် ပြန်/ဆက်)