သာစည်မြို့နယ်နှင့် ဟိုပုံးမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇ 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၃ နာရီတွင် သာစည်မြို့နယ်၊ ဘုရားငါးဆူ (တောင်) ကျေးရွာ၊ တောင်ကြီး - မိတ္ထီလာသွား ကားလမ်းတွင် စန်းလွင် (ခ) ကာကာ မောင်းနှင်ပြီး စိုးမိုးအောင် (ခ) ကုလားကြီး (ခ) သွာစင် လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၇၀၀ ကို သိမ်းဆည်းရမိခဲ့သည်။

အလားတူ ယင်းနေ့ ညနေ ၃ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟိုပုံးမြို့နယ် လုံခုတ်ကျေးရွာအုပ်စု ဟိုနမ့်ကျေးရွာအနီး၊ ဟိုပုံး - လွိုင်လင်သွားကားလမ်း၊ မိုင်တိုင်အမှတ် (၁၃၄/၀) တွင် Probox အမျိုးအစား ခရီးသည်တင်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ခရီးသည် မနန်းမိုခမ်း (ခ) မိုလင်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား