သာစည်နှင့် ကွတ်ခိုင်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇူလိုင် ၁၉

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဇူလိုင် ၁၈ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအုပ်စု၊ ကျွဲတပ်ဆုံ ကျေးရွာအနီး၊ တောင်ကြီး-သာစည်သွားကားလမ်းတွင် သက်ပိုင်ထွန်း(ခ)ဆံရှည် မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၉ ဒသမ ၆ ကီလိုကို လည်းကောင်း၊ ထို့ပြင် ယင်းနေ့ ည ၆ နာရီခွဲတွင် ပူးပေါင်း အဖွဲ့သည် ကွတ်ခိုင်မြို့၊ ရပ်ကွက် (၈)၊ ကွတ်ခိုင်-ကောင်းခါးသွား ကားလမ်းတွင် မခမ်းဖောင် မောင်းနှင် လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ကို မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(သတင်းစဉ်)