သွားလာမှု ကန့်သတ်ချက် ရုတ်သိမ်းခြင်းက ဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်စေနိုင်ဟု ပြင်သစ် အာဏာပိုင်များ သတိပေး

၈ ဒီဇင်ဘာ

 

 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုများ ထိန်းချုပ်ရန်အတွက် အသွားအလာ ကန့်သတ်မှုများ ဖယ်ရှားခြင်းက ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိခိုက်စေနိုင်ကြောင်း ပြင်သစ်အာဏာပိုင်များက သတိပေးလိုက်သည်။

 

 

ပြီးခဲ့သည့်လ နှောင်းပိုင်းမှစပြီး ဆိုင်များ ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ပြီးနောက် အသွားအလာ ကန့်သတ်သည့် အစီအမံများ ဖြေလျောသည့် အစီအစဉ်ကို ပြင်သစ်အစိုးရက ပြုလုပ်ခဲ့သည်။

 

 

နေ့စဉ် ကူးစက်မှုနှုန်း ၅၀၀၀ အောက် ကျဆင်းသွားပါက ဒီဇင်ဘာလ ၁၅ ရက်နောက်ပိုင်းတွင် ညမထွက်ရ အမိန့် ကန့်သတ်မှုများကို လျော့ချရန် ပြင်သစ်အစိုးရက စီစဉ်လျက်ရှိသော်လည်း ဒီဇင်ဘာလ  ရက်အနည်းငယ် အတွင်းမှာပင် နေ့စဉ် ကူးစက်မှုများမှာ တိုးလာလျက်ရှိသည်။

 

 

အထူးကြပ်မတ်ကုသဆောင်များတွင် လူနာပေါင်း ၃၀၀၀ အောက်တွင် လျော့ရန် ရည်မှန်းထားသော်လည်း ရည်မှန်းချက် မပြည့်သေးပေ။

 

 

ကူးစက်မှုနှုန်းများမှာ မြင့်မားနေဆဲဖြစ်ပြီး လူအများ အနေဖြင့် ဂရုစိုက်ရန် လိုအပ်နေသေးကြောင်း ပြင်သစ်ကျန်းမာရေးဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဂျရုမ်းဆော်လမွန်က သတင်းထောက်များကို ယမန်နေ့က ပြောကြားခဲ့သည်။

 

 

လက်ရှိ အခြေအနေအတိုင်း ကူးစက်မှုနှုန်းအတိုင်း တည်ရှိနေပြီး နေ့စဉ် ကူးစက်မှု ၅၀၀၀ အောက် လျော့ကျရန် ရည်မှန်းချက်မှာ အောင်မြင်ရန် ခက်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ 

 

 

လာမည့် ရက်များအတွင်း ဗိုင်းရပ်စ် ကူးစက်မှုများကို စောင့်ကြည်ရန် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

 

ခရစ္စမတ် ပိတ်ရက်များပြီးနောက်ပိုင်းတွင် ဗိုင်းရပ်စ် ကူးစက်မှုနှုန်းများ ပြန်လည်မြင့်တက်လာမည်ကို ပြင်သစ်အစိုးရက စိုးရိမ်ပူပန်လျက်ရှိသည်။

 

 

ကျေးဇူးတော်နေ့  အားလပ်ရက်များပြီးနောက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စုတွင် ဗိုင်းရပ်စ် ကူးစက်မှုနှုန်းများ မြင့်တက်လာခဲ့သည်။

 

 

ယခုအပတ် အစိုးရအဖွဲ့ အစည်းအဝေး၌ ကန့်သတ်ချက်များ ဖြေလျော့ပေးရေးအတွက် ဆက်လက် လုပ်ဆောင်မည့် ကိစ္စရပ်များကို ဆွေးနွေးမည်ဖြစ်ကြောင်း ပြင်သစ်မီဒီယာများက ပြောကြားခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်