သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ  ထွက်ရှိလာသော စာအုပ်များ

နေပြည်တော် ၃၀ ဒီဇင်ဘာ

Selected Writing of Dr. Khin Hla Han စာအုပ်ထွက်ရှိ

book 01+

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနသည် အကြိုသမိုင်းမှ အစပြု၍ ၁၉၈၈ ခုနှစ်ကာလအထိ တစ်ဆက်တစ်စပ်တည်းသော မြန်မာသမိုင်းကို ရေးသားပြုစုလျက်ရှိရာ ယခုအခါ မြန်မာ သမိုင်းအဖွဲ့ဝင် ဒေါက်တာခင်လှဟန် ရေးသားသော ''Selected Writing of Dr. Khin Hla Han" စာအုပ် ထွက်ရှိလာသည်။

ယင်းစာအုပ်တွင် သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းအကြောင်း တရုတ်-မြန်မာစစ်၊ မြန်မာ-အင်္ဂလိပ်စစ်၊ ဂျပန်ခေတ် ဂျပန်တို့၏ အခန်းကဏ္ဍ၊ ဆရာဇော်ဂျီ သတိရအောက်မေ့ခြင်း အစရှိသည့် စာတမ်းများပါဝင်သော စာတမ်းပေါင်း ()စောင်ကို တန်ဖိုးငွေကျပ် ၂၅၀၀ ကျပ်ဖြင့် ဤစာအုပ်တွင် လေ့လာဖတ်ရှုနိုင်သည်။

ဒေါက်တာစိန်မြင့် လက်ရွေးစင်စာတမ်းများ  စာအုပ်ထွက်ရှိ

book 02+

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနသည် အကြိုသမိုင်းမှ အစပြု၍ ၁၉၈၈ ခုနှစ်ကာလအထိ တစ်ဆက်တစ်စပ်တည်းသော မြန်မာသမိုင်းကို ရေးသားပြုစုလျက်ရှိရာ ယခုအခါ မြန်မာ သမိုင်းအဖွဲ့ဝင် ဒေါက်တာစိန်မြင့် ရေးသားသော ''ဒေါက်တာစိန်မြင့်၏ လက်ရွေးစင်စာတမ်းများ" စာအုပ် ထွက်ရှိလာသည်။

ယင်းစာအုပ်တွင် စာတမ်း (၁၁) စောင်ကို တွေ့ရမည်ဖြစ်ပြီး သမိုင်းခေတ်များ ဖြတ်သန်းခြင်းတွင် သမိုင်းမတင်မီကာလ၊ သမိုင်းကြိုကာလ၊ သမိုင်းတင်ကာလ၊ မြို့ပြတည်ထောင်ခဲ့သည့် ပဒေသရာဇ်သမိုင်းဦးကာလ၊ ပဒေသရာဇ်ခေတ် လယ်ကာလ၊ ပဒေသရာဇ် ခေတ်နှောင်းကာလဟူ၍ မြန်မာသမိုင်းဆိုင်ရာ သုတေသနစာတမ်းများကို တန်ဖိုးငွေကျပ် ၂၅၀၀ ကျပ်ဖြင့် လေ့လာဖတ်ရှုနိုင်သည်။

ဌာနတွင်းစွမ်းရည်မြှင့်တင်ရေးအတွက် မြန်မာသမိုင်းအဖွဲ့ဝင်များ ဖတ်ကြားခဲ့သော စာတမ်းများ အတွဲ () စာအုပ်ထွက်ရှိ

book 03+

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသား စာကြည့်တိုက်ဦးစီးဌာနသည် မြန်မာသမိုင်းအဖွဲ့နှင့် တွဲဖက်၍ သုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ သမိုင်းသုတေသနဝန်ထမ်းများ၏ စွမ်းရည်မြှင့်တင်ရေးအတွက် သမိုင်းအသိပညာဖြန့်ဝေခြင်းနှင့် စာတမ်းဖတ်ကြားခြင်းကို ၂ဝ၁၇ မှစ၍ ကျင်းပလာခဲ့ရာ ယခု ၂ဝ၁၉ ခုနှစ်တိုင်အောင် ရောက်ရှိခဲ့ပြီး ဌာနတွင်းစွမ်းရည်မြှင့်တင်ရေးအတွက် မြန်မာသမိုင်းအဖွဲ့ဝင်များ ဖတ်ကြားခဲ့သော စာတမ်းများ၊ အတွဲ () () ကို ထုတ်ဝေခဲ့ပြီး ဖြစ်သည်။

ယခုအခါ အတွဲ()ကို ထုတ်ဝေခဲ့ပြီး မြန်မာသမိုင်းအဖွဲ့ဝင်များ၏ စာတမ်းများ (၁၂)စောင်ကို တွေ့ရမည်ဖြစ်ပြီး ယင်းစာတမ်း များမှာ စွမ်းရည်မြှင့်တင်ရေးဟုဆိုသော်လည်း မြန်မာသမိုင်းအတွက် အားကိုးအားထား ပြုရလောက်သည်ဖြစ်သဖြင့် သမိုင်းသုတေသီများ၊ လေ့လာသူများ၊ ပညာရှင်များ လက်မလွှတ်စတမ်းဖတ်ရမည့် စာအုပ်ကောင်း တစ်အုပ်ဖြစ်ကာ တန်ဖိုးငွေကျပ် ၃၀၀၀ ကျပ်ဖြင့် ဖတ်ရှုနိုင်သည်။

မန္တလေးမဟာမုနိတံတိုင်းအတွင်းရှိ ကျောက်စာများ (ဒဿမတွဲ) စာအုပ်ထွက်ရှိ

book 04+

မြန်မာနိုင်ငံတွင် ကုသိုလ်ကောင်းမှုများကို ကျောက်စာရေးထိုး၍ မှတ်တမ်းတင်သည့်ဓလေ့ကို ပုဂံခေတ်ကတည်းကပင် တွေ့ရှိနိုင်ပေသည်။ မြန်မာနိုင်ငံ ပဒေသရာဇ်ခေတ်မှ မင်းများ၊ မိဖုရားများ၊ သားတော်၊ သမီးတော်များ၊ မှူးမတ်များ၊ မြို့စား ရွာစားများ၊ မင်းမှုထမ်းများ၊ ပြည်သူများက ဘုရားကျောင်းသိမ်ဆောက်လုပ်၍ အဆိုပါ ဘုရားကျောင်းသိမ်များ သာသနာ ငါးထောင်တည်စေရန် အထောက်အပံ့ဖြစ်စေခြင်းငှာ ရွာ၊ မြေ၊ ထန်း၊ ဥယျာဉ်နှင့် ကျွန်များကို လှူဒါန်းကြလေသည်။

ထိုကုသိုလ်ကောင်းမှုများကို နောင်လာနောက်သားများ သိရှိစေရန်လည်းကောင်း၊ လှူဒါန်းထားသည့်အရာများ ထိပါးကျူးကျော် ဖျက်ဆီးခြင်း မပြုနိုင်ရန်လည်းကောင်း၊ လှူဒါန်းသောရွာများ၏ အမည်၊ မြေများ၏ပယ်အရေအတွက်၊ အကျယ်အဝန်း၊ အရပ်လေးမျက်နှာရှိ နယ်နိမိတ်ကျွန်းများ၏ အမည်၊ အိမ်ထောင်ဦးရေ၊ လူဦးရေတို့ကို ကျောက်စာရေးထိုး၍ မှတ်တမ်းတင်ခဲ့ကြသည်။

ထိုသို့မှတ်တမ်းတင်ထားသော ကျောက်စာများအနက် မန္တလေးမဟာမုနိတံတိုင်းအတွင်းရှိ ကျောက်စာများကို ပုံနှိပ်ထုတ်ဝေ ခဲ့ကြရာ နဝမတွဲအထိ ထုတ်ဝေခဲ့ပြီး ဖြစ်သည်။ ယခု ''မဟာမုနိတံတိုင်းအတွင်းရှ ိကျောက်စာများ (ဒဿမတွဲ)" စာအုပ်တွင် အင်းဝခေတ် နရပတေ့မင်း၊ ရွှေနန်းကျော့ရှင် နရပတိမင်းများကာလ (ခရစ်နှစ် ၁၄၅ဝ-၁၅၁၁) အထိ ကျောက်စာတိုင် ၇၅ တိုင်အထိ ဖော်ပြထားသည်ကို တန်ဖိုးငွေကျပ် ၃၀၀၀ ကျပ်ဖြင့် လေ့လာဖတ်ရှုနိုင်သည်။

Reorienting Myanmar Studies in Myanmar စာအုပ်ထွက်ရှိ

book 05+

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနသည် နှစ်စဉ် ပြည်တွင်း စာတမ်းဖတ်ပွဲနှင့် နိုင်ငံတကာ စာတမ်းဖတ်ပွဲများကို ကျင်းပလေ့ရှိရာ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီ ရက်မှ ရက်နေ့အထိ ရန်ကုန်၌ကျင်းပခဲ့သော နိုင်ငံတကာစာတမ်းဖတ်ပွဲတွင် ပြည်တွင်း၊ ပြည်ပပညာရှင်များက မြန်မာသမိုင်းနှင့် ပတ်သက်၍ အသိသစ် အမြင်သစ်များ ဖော်ဆောင်၍ ဖတ်ကြားခဲ့ကြသော စာတမ်း ()စောင် ဤစာအုပ်တွင် တန်ဖိုးငွေကျပ် ၂၅၀၀ ကျပ်ဖြင့် လေ့လာဖတ်ရှုနိုင်သည်။

တရုတ်ပြည်သွားမှတ်တမ်း (၁၇၅ဝ-၁၇၅၂) စာအုပ်ထွက်ရှိ

book 06+

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနသည် အကြိုသမိုင်းမှ အစပြု၍ ၁၉၈၈ ခုနှစ်ကာလအထိ တစ်ဆက်တစ်စပ်တည်းသော မြန်မာသမိုင်းကို ရေးသားပြုစုလျက်ရှိရာ ယခုအခါ မြန်မာ သမိုင်းအဖွဲ့ဝင် ဒေါက်တာသော်ကောင်းနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နီနီယဉ်တို့ တည်းဖြတ်သော ''တရုတ်ပြည်သွား မှတ်တမ်း (၁၇၅ဝ-၁၇၅၂)" စာအုပ် ထွက်ရှိလာသည်။

ယင်းစာအုပ်တွင် မြန်မာနိုင်ငံသည် အိမ်နီးချင်းတရုတ်နိုင်ငံနှင့် ပျူခေတ်ကတည်းက သံတမန်များကို အပြန်အလှန် စေလွှတ်ခဲ့ကြပြီး ချစ်ကြည်ရင်းနှီးစွာ နေထိုင်ခဲ့ကြသည်။ မြန်မာ-တရုတ် ဆက်ဆံရေးမှတ်တမ်းနှင့် ပတ်သက်၍ ယခုအထိ တွေ့ရှိရသော အထောက်အထားမှာ ပုဂံခေတ် ရှင်ဒိသာပါမောက်ကျောက်စာနှင့် ''ဟံသာဝတီရောက် မင်းတရားလက်ထက် မြန်မာသံအဖွဲ့ တရုတ်ပြည်သွားမှတ်တမ်း" ပေကျမ်းတို့သာ ဖြစ်သည်။ ရှင်ဒိသာပါမောက်ကျောက်စာမှာ ပုံနှိပ်စာအဖြစ် တွေ့ရှိရသော်လည်း မြန်မာသံအဖွဲ့မှတ်တမ်းမှာမူ တစ်ကြိမ်တစ်ခါမျှ ပုံမနှိပ်ရသေးသည့်အတွက် ပထမဆုံး ထုတ်ဝေလိုက်ခြင်း ဖြစ်ပြီး ညောင်ရမ်းခေတ် နောက်ဆုံးမင်းဆက်ဖြစ်သော မဟာဓမ္မရာဇာဓိပတိလက်ထက် မြန်မာ-တရုတ် ဆက်ဆံရေးကို ပေမူမှ လေ့လာဖတ်ရှုနိုင်ပါသည်။ တန်ဖိုးငွေကျပ် ၃၀၀၀ ကျပ်ဖြစ်သည်။

၁၉၄၈-၅၈ မြန်မာ့နိုင်ငံရေး စာအုပ်ထွက်ရှိ

book 07+

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနသည် အကြိုသမိုင်းမှ အစပြု၍ ၁၉၈၈ ခုနှစ်ကာလအထိ တစ်ဆက်တစ်စပ်တည်းသော မြန်မာသမိုင်းကို ရေးသားပြုစုလျက်ရှိရာ ယခုအခါ ဦးကျော်ငြိမ်း ပြုစုရေးသားသော ''၁၉၄၈-၅၈ မြန်မာ့နိုင်ငံရေး" စာအုပ် ထွက်ရှိလာသည်။

ယင်းစာအုပ်တွင် မြန်မာနိုင်ငံသည် ဇန်နဝါရီ ၁၉၄၈ ခုနှစ်တွင် မြန်မာပြည်သူတို့ လိုလားတောင့်တခဲ့ကြသော လွတ်လပ်ရေးကို ရရှိခဲ့ကြပြီး ကမ္ဘာပေါ်တွင် အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံအဖြစ် ပေါ်ပေါက်လာသည်။ ဤပြည်ထောင်စု မြန်မာနိုင်ငံသည် ရွှေမိုး ငွေမိုး ရွာသွန်းဖြိုးနိုင်သည့် ထူးမြတ်သော နိုင်ငံဖြစ်သည်ဟု အားလုံးကပင် ဝမ်းမြောက်ဝမ်းသာ လက်ပန်းပေါက်ခတ်ကြကာ ရွှေပြည်တော်မျှော်မဝေးပြီဟု မျှော်မှန်းခဲ့ကြသည်။ သို့သော် လွတ်လပ်ရေးရရှိပြီး မကြာမီ ဂိုဏ်းဂဏဝါဒစွဲအရလည်းကောင်း၊ လူမျိုးရေး အမျိုးသားရေး ဝါဒစွဲအရလည်းကောင်း၊ လက်နက်ကိုင်ဆူပူမှုများ ပေါ်ပေါက် လာခဲ့ရာ မြန်မာပြည်သူတို့သည် ဗုံး၊ သေနတ်၊ ကျည်ဆံနှင့် ယမ်းငွေ့တဝေဝေကြား တထိတ်ထိတ် တလန့်လန့် ကျီးလန့်စာ စားဘဝဆိုးတွင် နေထိုင်ခဲ့ရသည့်အတွက် မြန်မာပြည်သူတို့ မျှော်လင့်သလို ရွှေပြည်တော်အစား လောင်စာနှင့် ပြာပုံအဖြစ် ရောက်ရှိခဲ့သည်ကို တန်ဖိုးငွေကျပ် ၃၀၀၀ ဖြင့် ဤစာအုပ်တွင် ဖတ်ရှုလေ့လာနိုင်သည်။

မြန်မာသမိုင်းသုတေသနစာစောင်အမှတ် (၃၆) (၃၇) (၃၈) စာအုပ်ထွက်ရှိ

book 08+

သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနသည် မြန်မာသမိုင်းသုတေသနစာစောင်ကို ၁၉၉၅ ခုနှစ်မှ စတင်၍ ထုတ်ဝေခဲ့ရာ ယခု ၂ဝ၁၉ ခုနှစ်တွင် သုတေသနစာစောင်အမှတ် (၃၆) (၃၇) (၃၈) အထိ ထုတ်ဝေပြီး ဖြစ်ပါ သည်။ မြန်မာ သမိုင်းသုတေသနစာစောင်တွင် မြန်မာသမိုင်းပညာရှင်ကြီးများ၏ သုတေသနစာတမ်းများ၊ မြန်မာပြည်အရပ်ရပ်မှ တက္ကသိုလ် များရှိ သမိုင်းဌာနနှင့် ရှေးဟောင်းသုတေသနမှ ဆရာ၊ ဆရာမများ၏ သုတေသနစာတမ်းများ၊ သမိုင်းသုတေသန ဦးစီးဌာနမှ သုတေသန ဝန်ထမ်းများနှင့် ပြင်ပသုတေသီများ၏ သုတေသနပြုချက်မှ ရရှိလာသော ခေတ်ကာလအသီးသီးအလိုက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် သက်ဆိုင်သည့် သုတေသနစာတမ်းများ ပြုစုရေးသား ထုတ်ဖော်ထားသည်ကို တွေ့ရှိရမည် ဖြစ်သည်။ တစ်အုပ်လျှင် တန်ဖိုးငွေကျပ်  ၂၅၀၀ ကျပ်ဖြင့် ဖတ်ရှုနိုင်ပါသည်။

သမိုင်းကိုအသိသစ် အမြင်သစ်ဖြင့်ကြည့်ခြင်း စာအုပ်ထွက်ရှိ

book 09

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနသည် ပြည်တွင်းစာတမ်း ဖတ်ပွဲနှင့် ပြည်ပစာတမ်းဖတ်ပွဲများကို တစ်နှစ်လျှင် ()ကြိမ်စီ ကျင်းပ၍ရရှိလာသော စာတမ်းများအား ပုံနှိပ်ထုတ်ဝေ ဖြန့်ချိလျက်ရှိပါသည်။ ယခုအခါ ၂ဝ၁၉ ခုနှစ်တွင် သမိုင်းကို အသိသစ် အမြင်သစ် ဖြင့်ကြည့်ခြင်း ပြည်တွင်းစာတမ်းဖတ်ပွဲတွင် ဖတ်ကြားခဲ့သော စာတမ်းများကို ထုတ်ဝေလိုက်ပါသည်။

ယင်းစာအုပ်တွင် ရှေးမြို့ဟောင်းရေကျုံးစနစ်၊ လှိုင်းဘွဲ့မြို့ဟောင်းမှ အထောက်အထားများ၊ ရတနာပုံခေတ်နိုင်ငံရေး၊ ကိုလိုနီခေတ်ဗြိတိသျှတို့နှင့် အငြင်းပွားခဲ့သော နန်းတွင်းပစ္စည်းများ၊ ကိုလိုနီခေတ်၏ ရေနံသမိုင်းနှင့် ချင်းတောင်ဒေသ အခြေအနေစာတမ်းတို့ကို ဖတ်ရှုရာမှ အသိသစ် အမြင်သစ်များ တိုးပွားမည်ဟု ယုံကြည်သည်။ တန်ဖိုးငွေကျပ် ၂၀၀၀ ကျပ်ဖြင့် ဖတ်ရှုနိုင်ပါသည်။

တိုင်းရင်းသားရက်စဉ်သမိုင်း (ကချင်) စာအုပ်ထွက်ရှိ

book 10+

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနသည် အကြိုသမိုင်းမှ အစပြု၍ ၁၉၈၈ ခုနှစ်ကာလအထိ တစ်ဆက်တစ်စပ်တည်းသော မြန်မာသမိုင်းကို ရေးသားပြုစုလျက်ရှိရာ တိုင်းရင်းသား ရက်စဉ် သမိုင်း(မွန်)စာအုပ်ကိုလည်း ပြုစုရေးသားထုတ်ဝေခဲ့ပြီး ယခုအခါ ဒေါက်တာစန်းစန်း ပြုစုရေးသားသော ''တိုင်းရင်းသားရက်စဉ်သမိုင်း (ကချင်)" စာအုပ် ထွက်ရှိလာသည်။

ယင်းစာအုပ်တွင် ကချင်သမိုင်း၏ အေဒီ () ရာစုခန့်မှ ၃ဝ မတ်၊ ၂ဝ၁၁ ခုနှစ်အထိ ကချင်ပြည်နယ် အခြေအနေကို တန်ဖိုးငွေကျပ် ၂၅၀၀ ကျပ်ဖြင့် လေ့လာဖတ်ရှုနိုင်ပါသည်။

အဆိုပါ စာအုပ်များကို သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ နေပြည်တော်၊ ရုံးအမှတ် (၃၅) ဖုန်း ၀၆၇-၄ဝ၈၃၈၄၊ အမျိုးသားစာကြည့်တိုက်(နေပြည်တော်) ကုမုဒြာကြာပန်းဝိုင်းအနီး၊ ဖုန်း ၀၆၇-၄၁၈၄၂၆နှင့် ရန်ကုန်မြို့ ပြည်လမ်း၊ အမျိုးသားပြတိုက်ရှိ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ ဖုန်း ဝ၁-၃၉၅၁၉ဝ၊ ၃၉၅၁၉၂ တို့တွင် ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။

MDN