သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ  ၇

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲ အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးတွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့် အပ်နှင်းပွဲ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ဘွဲ့တံဆိပ်တော်ဆက်ကပ်မှုအခြေအနေမှာ ပြည်တွင်းဘွဲ့ခံ ရဟန်းတော် ၃၈၂ ပါး၊ သီလရှင် ၃၈ ပါး၊ ပြည်ပဘွဲ့ခံရဟန်းတော် ၂၁ ပါး၊ သာသနာပြုလူပုဂ္ဂိုလ် ၇ ဦးနှင့် သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်ရ လူ ပုဂ္ဂိုလ် ၃၅ ဦး စုစုပေါင်း ၄၈၃ ပါး/ဦး ရှိကြောင်းနှင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို စည်ကားသိုက် မြိုက်စွာကျင်းပရန် စီစဉ်ထားကြောင်း၊ အခမ်းအနားကို ကိုဗစ်-၁၉ ရောဂါကာကွယ်၊ တား ဆီးရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဆပ်ကော်မတီ အသီးသီးအနေဖြင့် အပြန်အလှန် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဆပ်ကော် မတီများမှ တာဝန်ရှိသူများက ၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်  ဆပ်ကော်မတီအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်