သာယာဝတီ    ဖေဖော်ဝါရီ   ၁၀

ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ်အတွင်းရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် သမဝါယမကဏ္ဍမှ လူမှုစီးပွားမြှင့်တင်ရေးရန်ပုံငွေ(သက်တန့်ရောင်)စီမံကိန်းဖြင့်   ဆောင်ရွက်ထားသည့် ကျွန်းကုန်းကျေးရွာရှိ ကျွန်းကုန်းစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းမှ အသင်းသားတောင်သူ ၄၄ ဦး၏  နွေစပါးသီးနှံစိုက်ပျိုးဧက ၂၁၁ ဧကအနက်  သမဝါယမအသင်းသားတောင်သူ   ဦးစောထွန်းထွန်းဦး၏ နွေစပါးသီးနှံ ရေဆင်းပေါ်ဆန်း-၂ စိုက်ပျိုးမှုအခြေအနေကို သာယာဝတီ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ  တာဝန်ရှိသူများ၊ သာယာဝတီမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ  တာဝန်ရှိသူများ၊  စိုက်ပျိုးရေးဦးစီးဌာနမှ  တာဝန်ရှိသူများနှင့်  သာယာဝတီမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့်    ဝန်ထမ်းများက    ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး   လိုအပ်သည်များကို  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်