သာယာဝတီမြို့နယ်အတွင်းရှိ ကျေးရွာ ၃ ရွာတွင် မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေများဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ စတင်ဆောင်ရွက်

သာယာဝတီ ၆  ဇွန် 

 

သာယာဝတီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ စီမံကိန်းဝင် ကျေးရွာများဖြစ်ကြသည့် သဲဖြူရွာသစ်တန်း၊ ချောင်းသုံးခွနှင့် စစ်ကွင်းကလေးကျေးရွာတို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ချထားပေးခဲ့ရာ အဆိုပါ ရန်ပုံငွေများဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားဝင်ငွေတိုးပွားရေး လုပ်ငန်းများကို စတင်လုပ်ကိုင်နေပြီဖြစ်ကြောင်း သိရသည်။

 

mdn

 

အဆိုပါလုပ်ငန်းများကို  သာယာဝတီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးရန်နိုင်ဇော်နှင့် ဝန်ထမ်းများက ဇွန် ၅ ရက်နံနက်ပိုင်းက အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ်သိန်း ၃၈၀ကျော်ကို သဲဖြူရွာသစ်တန်း၊ ချောင်းသုံးခွနှင့် စစ်ကွင်းကလေးကျေးရွာတို့မှ အိမ်ထောင်စု ၁၈၂ စုစီ ထုတ်ချေးပေးခဲ့သည်။

 

ယခုအခါတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားဝင်ငွေတိုးပွားရေး လုပ်ငန်းများကို စတင်လုပ်ကိုင်နေပြီဖြစ်ပြီး အဆိုပါရန်ပုံငွေများ ထုတ်ချေးပေးခြင်းကြောင့် မိသားစုဝင်ငွေ တိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ကာ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

 

မင်းမြင့်မိုရ်