သာယာဝတီမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

သာယာဝတီ    မေ     ၃၁

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း (သုံးဆယ်) ပီမိုးနင်းခန်းမတွင် မေ ၃၁ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးကြည်မျိုးလွင်က အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူးဒေါ်လှလှဝင်းက ကျောင်းအပ်နှံပြီးသည့် ကျောင်းသား ကျောင်းသူ ၂၄၄၆၉ ဦးရှိပြီဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ခရိုင်ပညာရေးမှူး ဒေါက်တာစုစုလှိုင်က ပညာရေးစနစ်သစ်အကြောင်းကို ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသားများအား ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များနှင့် သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။

 

သန့်ဇော်(ပြန်/ဆက်)