သာယာဝတီမြို့တွင် ၁၃၈၁ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲကျင်းပ

သာယာဝတီ ၁၇ ဧပြီ  

 


၁၃၈၁ ခုနှစ် မြန်မာ့နှစ်ဆန်းတစ်ရက် ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲကို ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် သာယာဝတီမြို့နယ် ဆရာစံပန်းခြံအတွင်းရှိ ရေကန်၌ ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

 


ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲတွင် ထိုင်ဝမ်ငါးခုံးမ၊ ငါးမြစ်ချင်း၊ တီလားဗီးယား စသည့် ငါးမျိုးစုံကောင်ရေ (၁၀ဝ၀)ကျော်အား ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်၊ ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးစံမိုင်းနှင့် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမူရေးအသင်းအဖွဲ့များက စုပေါင်းငါးလွှတ်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 


သန့်ဇော်(ပြန်/ဆက်)