သဲကုန်း ဇွန် ၁၀

 

သဲကုန်းမြို့နယ်၌ ကောက်စိုက်စက်ဖြင့် ရေဆင်းပေါ်ဆန်း(၁)စပါး(၇) စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၈ နာရီက လက်ပံလုံးလအုပ်စု တောင်သူဦးသန်းဇော်၏ လယ်မြေ ခုနစ်ဧကတွင် ဆောင်ရွက်သည်။

 

သဲကုန်းမြို့နယ်တွင် မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း၊ ကောက်စိုက်စက် / လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းနှင့် ပျိုးထောင်စိုက်ပျိုးခြင်းနည်းစနစ်များဖြင့် မိုးစပါးစုစုပေါင်း ဧက ၈၂၆၁၀ စိုက်ပျိုးသွားမည်ဖြစ်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးနည်းစနစ်များကို ကွင်းသရုပ်ပြသခြင်း၊ နှစ်စဉ်မျိုးကောင်း မျိုးသန့် မျိုးစေ့များကို ပံ့ပိုးပေးခြင်း၊ သဘာဝမြေသြဇာပြုလုပ်နည်းများ သရုပ်ပြသခြင်း၊ သွင်းအားစုဓာတ်မြေသြဇာများကို သက်သာသော စျေးနှုန်းဖြင့် တောင်သူများအား ဖြန့်ဖြူးပေးခြင်း၊ ပိုးမွှားရောဂါကာကွယ်ရေးနှင့် စိုက်ပျိုးနည်းပညာများ လက်တွေ့ကွင်းဆင်း သရုပ်ပြသပေးခြင်း လုပ်ငန်းများ၊ စိုက်ပျိုးနည်းစနစ်သင်တန်းများ ဖွင့်လှစ်ပေးခြင်းနှင့် တောင်သူအသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)