သဲကုန်းမြို့နယ်၌ ရွေ့လျားစစ်ဆေးရေးယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးပေး

သဲကုန်း  သြဂုတ်  ၂၈

 

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ သြဂုတ် ၂၈ ရက်က ရွေ့လျားစစ်ဆေးရေးယာဉ်ဖြင့် ရပ်ကွက်/ ကျေးရွာများအရောက် ကိုဗစ်-၁၉ ရောဂါပိုးရှိ/ မရှိ စစ်ဆေးပေးလျက်ရှိသည်။

 

သဲကုန်းမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု လျော့နည်းလာပြီဖြစ်သော်လည်း ရပ်ကွက် ကျေးရွာများ၌ ရောဂါကူးစက်မှုများ ရှိနေသည့်အတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က ရွေ့လျားစစ်ဆေးရေးယာဉ်ဖြင့် သဲကုန်းမြို့နယ် စည်ပင်သာယာစျေးနှင့် ပုတီးကုန်းမြို့မစျေးအတွင်းရှိ စျေးရောင်းချနေသော စျေးသည်များအား ရောဂါပိုးရှိ/ မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပေးလျက်ရှိပြီး ရောဂါပိုးတွေ့ရှိသူများအား သက်ဆိုင်ရာ Quarantine Centre များသို့ ပို့ဆောင်ပေးခဲ့သည်။

 

သဲကုန်းမြို့နယ်တွင် သြဂုတ် ၂၇ ရက်အထိ ရောဂါပိုးတွေ့ရှိသူ (၁၂၅၅) ဦး၊ ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရရှိသူ (၁၀၁၀)၊ ဆေးရုံတက်လက်ကျန် (၁၅၅) ဦးနှင့် သေဆုံးသူ (၉၀) ရှိကြောင်း သိရှိရသည်။

 

နိုင်လင်း (မြို့နယ် ပြန်/ဆက်)

mdn