သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန် အစည်းအဝေးပြုလုပ်

ပုလော      ၂    သြဂုတ်        


၂၀၁၉ ခုနှစ် ဇွန်၊ ဇူလိုင်၊ သြဂုတ်လများတွင် ဖြစ်ပွားတတ်သော သဘာဝဘေး၊ (လေဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေး၊ မြေပြိုဘေးစသည့် သဘာဝဘေး အန္တရာယ်များ)နှင့် ကူးစက်တတ်သောရောဂါများ အချိန်မရွေး ဖြစ်ပွားနိုင်သည့်အတွက် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန် အစည်းအဝေးကို သြဂုတ်လ ၁ ရက်နေ့ မွန်းလွဲ  ၁ နာရီက ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။


အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးထင်က သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက လွတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနများ၊ စေတနာရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း၍ လိုအပ်သော လူမှုရေး၊ ကျန်းမာရေး စောင့်ရှောက်မှုများကို အမြန်ဆုံးဆောင်ရွက်သွားရန် ပြောကြားခဲ့ပြီး၊ ပုလောမြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးကျော်ဇင်ထိုက်မှ သဘာဝဘေး ကျရောက်လာပါက တပ်ဖွဲ့ဝင်များနှင့်အတူ ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများကိုင်တွယ် အသုံးပြုမှုနှင့် လေ့ကျင့်ဆောင်ရွက်နေမှုများ အဆင့်သင့်ပြုလုပ်ထားကြောင်း ပြန်လည်တင်ပြခဲ့သည်။


ထူးဝေယံ(ပြန်/ဆက်)