သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ်ရေးအဖွဲ့များက  ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိ

 

 

နေပြည်တော်   ဇွန်   ၂၈

 

သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသများတွင်လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ  ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေး  အဖွဲ့များသည် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ သက်ဆိုင်ရာ ဒေသများ တွင်   အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

 

ထိုသို့  ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် စစ်တွေမြို့၌    ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်လှည့်ဆေးကုသရေးအဖွဲ့များ နှင့် ပူးပေါင်း၍ ဒိုးသောင်ကျေးရွာနှင့် ဇော်ပူဂျာကျေးရွာတို့ရှိ ဒေသခံ ပြည်သူများအား     ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

 

အလားတူ    ကျောက်ဖြူမြို့၌   ရောက်ရှိနေသည့်     ကူညီ ကယ်ဆယ်ရေး  အဖွဲ့များသည် နယ်လှည့်ဆေးကုသရေး အဖွဲ့များနှင့် ပူးပေါင်း၍ ကုလားဘာတောင် ရပ်ကွက်ရှိ   သိမ်တောင်ကျောင်း တိုက်၌ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ  ဆောင်ရွက်ပေးပြီး ဆီ၊ ရေသန့်နှင့်  စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေး လျက်ရှိသည်။

ထို့အတူ   ဘူးသီးတောင်မြို့၌ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ကားလမ်းမဘေး၌  သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ကကျက်ဘက်ကျေးရွာရှိ ဒေသခံပြည်သူများအား နယ်လှည့်ဆေးကုသရေး အဖွဲ့များကကျန်းမာ ရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိသည်။

 

အလားတူ    ပုဏ္ဏားကျွန်းမြို့ ၌    ရောက်ရှိနေသည့်    ကူညီ ကယ်ဆယ်ရေး  အဖွဲ့များသည် စိုက်ပျိုးရေးနှင့်  မွေးမြူရေး ဦးစီးဌာနရှိ  ဝန်ထမ်းမိသားစုများနှင့်  ဒေသခံပြည်သူများထံ  မျိုးစပါးများ ထောက်ပံ့ပေးလျက်ရှိသည်။

 

ထို့အတူ      ရသေ့တောင်မြို့ ၌  ရောက်ရှိနေသည့်    ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်လှည့်ဆေးကုသ ရေးအဖွဲ့များနှင့်ပူးပေါင်း၍ သာသနာ့ဗိမာန်ကျောင်းတိုက်၌   ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ   ဆောင်ရွက်ပေးလျက်ရှိသည်။

 

အလားတူ  မြောက်ဦးမြို့၌   ရောက်ရှိနေသည့်   ကူညီ ကယ်ဆယ်ရေး   အဖွဲ့များသည် မြို့တော်ဝန်ခန်းမ၌ ဒေသခံ ပြည်သူများထံ မျိုးစပါးများ ထောက်ပံ့ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်