သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ်ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်     ဇွန်    ၉

 

သဘာဝဘေးအန္တရာယ် ကျရောက်  ခဲ့ရသည့်ဒေသများတွင်   လိုအပ်သည့်    ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး  လုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက်   တပ်မတော်မှ ကြိုတင် စုဖွဲ့စေလွှတ်ထားသည့်   ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှု ကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင်   အင်တိုက်အားတိုက် ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။

 

ထိုသို့  ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်  ပုဏ္ဏားကျွန်းမြို့သို့ ရောက်ရှိနေသောကူညီကယ်ဆယ်ရေး   အဖွဲ့များသည်   နယ်လှည့်ဆေးကုသရေးအဖွဲ့များနှင့် ပူးပေါင်း၍ လက်ဝဲစာတိုက်ကျေးရွာရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

 

အလားတူ    ကျောက်ဖြူမြို့သို့     ရောက်ရှိနေသော   ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်လှည့် ဆေးကုသရေး အဖွဲ့များနှင့်ပူးပေါင်း၍  အစိုးရရပ်ကွက်ရှိ မြို့နယ်ဦးစီးမှူးရုံး၌ ဒေသခံပြည်သူများအား    ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများနှင့်    စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးသည်။

 

ထို့အတူ    ဘူးသီးတောင်မြို့သို့    ရောက်ရှိနေသည့်   ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ကကျက်ဘက် ကျေးရွာရှိ   လမ်းဘေး ဝဲ/ယာ၌ လဲကျနေသော သစ်ပင်၊ သစ်ကိုင်းများ၊ ချုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

 

အလားတူ   မြောက်ဦးမြို့သို့    ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်လှည့် ဆေးကုသရေးအဖွဲ့များနှင့်   ပူးပေါင်း၍ ဘောင်းဒွတ်ကျေးရွာ၌ ဒေသခံပြည်သူများအား  ကျန်းမာ ရေး  စောင့်ရှောက်မှုလုပ်ငန်းများ၊ ဆန်နှင့်  စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးသည်။

 

ထို့အတူ စစ်တွေမြို့သို့ ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များသည်  စစ်တွေမြို့၊ ရေချမ်းပြင်ကျေးရွာ  ကားလမ်း တစ်လျှောက်ရှိ   လဲကျနေသော သစ်ပင်၊ သစ်ကိုင်းကြီးများ ခုတ် ထွင်ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ 

အလားတူ စစ်တွေမြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်လှည့် ဆေးကုသ ရေးအဖွဲ့များ၊    မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊   ဒေသခံပြည်သူများနှင့်     ပူးပေါင်း၍ ပါဒလိတ်ကျေးရွာရှိ လမ်းဘေး  ဝဲ/ယာ၌   လဲကျနေသော သစ်ပင်၊ သစ်ကိုင်းများ၊ ချုံနွယ်များခုတ်ထွင်  ရှင်းလင်းခြင်း   လုပ်ငန်းများနှင့် ဂုံးပြင်သောင်ကျေးရွာရှိ  ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု       လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

 

ထို့အတူ မောင်တောမြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်လှည့် ဆေးကုသရေးအဖွဲ့များနှင့် ပူးပေါင်း၍ ရွာသစ်ကေကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။               

 သတင်းစဉ်