သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ်ရေးအဖွဲ့များက  ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိ

 

 

နေပြည်တော်  ဇွန်   ၃၀

 

သဘာဝ         ဘေးအန္တရာယ် ကျရောက်ခဲ့ရသည့် ဒေသများတွင် လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့်       ပြန်လည်ထူထောင်ရေးလုပ်ငန်းများ     ကူညီဆောင်ရွက် ပေးနိုင်ရေးအတွက်  တပ်မတော်မှ ကြိုတင်    စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊  လူမှု ကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ သက်ဆိုင်ရာ  ဒေသများတွင် အင်တိုက်အားတိုက် ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။

 

ထိုသို့   ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်   စစ်တွေမြို့၌ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေး  အဖွဲ့များသည် နယ်လှည့်ဆေးကုသရေးအဖွဲ့များနှင့်ပူးပေါင်း၍ ကျက်တောပြင်ကျေးရွာရှိ ဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည်များကူညီ ဆောင်ရွက်ပေးသည်။

 

အလားတူ ပုဏ္ဏားကျွန်းမြို့၌ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်လှည့်ဆေးကု သရေးအဖွဲ့များနှင့်ပူးပေါင်း၍ မြို့မဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသည်။

 

ထို့အတူ ဘူးသီးတောင်မြို့၌ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် မြို့တွင်း        လမ်းဘေး  ဝဲ/ ယာ၌      သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။           

 

အလားတူ ကျောက်ဖြူမြို့၌ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်လှည့် ဆေးကုသရေးအဖွဲ့များနှင့် ပူးပေါင်း၍ အရာရှိရပ်ကွက်၌ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။

သတင်းစဉ်