သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အရေးပေါ်ကယ်ဆယ်ခြင်းနှင့် ပြုစုစောင့်ရှောက် နိုင်ရေး ထန်းတပင်မြို့နယ်မီးသတ်တပ်ဖွဲ့ ကြိုတင်ပြင်ဆင်

ထန်းတပင်  မေ

 

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ်များ ကျရောက်လာပါက အရေးပေါ်ကယ်ဆယ်ခြင်းနှင့် ပြုစုစောင့်ရှောက် နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် သန္ဓေနှင့် အရန်မီးသတ်အင်အား တပ်စုတစ်စုစာကို ထန်းတပင်မြို့နယ်တွင် အသင့်စုဖွဲ့စည်းထားရှိပြီး အချိန်နှင့်တစ်ပြေးညီ ထွက်ခွာနိုင်အောင်လည်း ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးမင်းအောင်ထံမှ သိရသည်။
 

မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ဆောင်ရွက်ပုံနည်းလမ်းများ၊ လူနာကယ်ဆယ်ခြင်း၊ လူနာပြုစုစောင့်ရှောက်ခြင်းနှင့် လူနာထမ်းနည်း များကို မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များကို လေ့ကျင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)