သဘာဝဘေးဒဏ်ခံ ဘက်စုံသုံးအဆောက်အအုံ အပူရှောင်စခန်းတွင် နေ့စဉ်အပူရှောင်သူ ၈၀ ဦးခန့်ရှိ

ပခုက္ကူ ၂၉ မေ

ပခုက္ကူမြို့ အမှတ် ၁၄ ရပ်ကွက်ရှိ သဘာဝဘေးဒဏ်ခံ ဘက်စုံသုံးအဆောက်အအုံ အပူရှောင်စခန်းတွင် နေ့စဉ် အဘိုး အဖွား လူကြီး လူငယ် စုစုပေါင်း (၈၅) ဦး လာရောက် နားခို အပူရှောင်လျက်ရှိကြောင်း သိရသည်။

 

0259

 

အပူရှောင်စခန်းကို မေ ၉ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး မေ ၁၃ ရက်တွင် ၄၀ ဦးခန့် စတင်အပူရှောင်ရန် လာရောက်ခဲ့ရာ ယခုအခါ ၈၅ ဦးအထိ လာရောက်နားခိုကြောင်း ဦးစီးဆောင်ရွက်ပေးသည့် ဦးတင်အောင်ကြည်၏ ပြောကြားချက်အရ သိရသည်။

 

369

 

အဆိုပါ နေ့စဉ်အပူရှောင်စခန်းသို့ လာရောက်နားခိုသူ မိဘပြည်သူများအတွက် အလှူရှင်အသီးသီးကလည်း အာဟာရမုန့်များ၊ မြန်မာအစားအစာများဖြင့် လာရောက်ကုသိုလ်ပြုကြသည်။

အလားတူ စနစ်သစ်ပုထိုးတိုက်ကျောင်းရှိ အပူရှောင်စခန်းတွင်လည်း သက်ကြီးအဖိုး၊ အဖွားများ အပါအဝင်နေ့စဉ် ၁၅၀ ဦးခန့်ရှိကြောင်း ပခုက္ကူခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ နေ့စဉ်မှတ်တမ်းများအရ သိရသည်။

ကိုဇော်(ဓာတု)