သစ်စိမ်းမြေဩဇာ(ပိုက်ဆဲလျှော်) မျိုးစေ့ကြဲပက်ပွဲနှင့် ပျိုးစေ့ပေးအပ်ပွဲကျင်းပ

မြန်အောင်      ဧပြီ      ၂၃

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ မိုးစပါး စိုက်ပျိုးရာသီတွင် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ကြဲပက်ပွဲနှင့် မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကို တဲကြီးကုန်းကျေးရွာအုပ်စု၊ တဲကြီးကုန်းကျေးရွာ စံပြဧက ၂၀၀ အဆင့်မြင့် လယ်ယာရှိ တောင်သူ ဦးအောင်ခိုင်ထွန်း၏ လယ်ယာမြေ၌ ဧပြီ ၂၃ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းထွန်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစိုးမြင့်အောင်က သစ်စိမ်းမြေဩဇာစိုက်ပျိုးခြင်းမှ ရရှိနိုင်သော အကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေးကာ တောင်သူများ၏ မေးမြန်းမှုများကို ဦးစီးမှူးက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။

 

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ မိုးစပါး စိုက်ပျိုး ရာသီ တွင် သဘာဝမြေဩဇာ အသုံးပြုစိုက်ပျိုးနိုင်ရန်အတွက် သစ်စိမ်းမြေဩဇာများအား တက်ရောက် လာသည့် တောင်သူများထံ အခမဲ့ဖြန့်ဝေပေးပြီး တောင်သူ ဦးအောင်ခိုင်ထွန်း၏ လယ်ယာမြေ၌ သစ်စိမ်းမြေဩဇာများအား ကြဲပက်သရုပ်ပြသခဲ့ကြောင်း သိရသည်။

ထွန်းဇော်ထွန်း(ပြန်/ဆက်)