SCIENCE AND TECHNOLOGY FAIR 2018 ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ၁၆ ဖေဖော်ဝါရီ

 

science and Technology Fair 2018 ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) တွင် ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် တာဝန်ရှိ သူများက ဘွဲ့လွန်/ဘွဲ့ကြို ကျောင်းသား/ကျောင်းသူများ၏ နည်းပညာ၊ ကွန်ပျူတာ သိပ္ပံဘာသာရပ် နယ်ပယ်ပြိုင်ပွဲများ၊ ပြိုပွဲဝင် သုတေသနများနှင့် Project များအတွက် ဆုရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

 

ထို့နောက် ဆုရကျောင်းသား/ကျောင်းသူများကိုယ်စား ဆုရကျောင်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက နိဂုံးချုပ်အမှာ စကားပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)