ရန်ကုန် ၅ မေ
သြစတြေးလျနိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းရေးမှူး Mr. Richard Maude ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မေ ၇ ရက်တွင် နေပြည်တော်၌ကျင်းပမည့် တတိယအကြိမ်မြောက် မြန်မာ-သြစတြေးလျနှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ အကြားပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ရန် ယနေ့နံနက် ၁၀ နာရီ ၂၅ မိနစ်က ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာသည်။
သြစတြေးလျနိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီး Ms. Andrea MARIE Faulkner တို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
(သတင်းစဉ်)


