သြစတြေးလျနိုင်ငံသား ၇၀ ရာခိုင်နှုန်းကျော် အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမှု ခံယူချင်ကြောင်း သုတေသနစစ်တမ်းတစ်ခုတွင် ဖော်ပြ

ကန်ဘာရာ ဒီဇင်ဘာ ၁၀

သြစတြေးလျနိုင်ငံသား ၇၀ ရာခိုင်နှုန်းကျော် အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမှု ခံယူချင်ကြောင်း သုတေသနစစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။

ဩစတြေးလျ အမျိုးသားတက္ကသိုလ်မှ သုတေသနပညာရှင်များက ဒီဇင်ဘာ ၉ ရက်တွင် ၎င်းတို့၏ နောက်ဆုံးတွေ့ရှိချက် ကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါ သုတေသနပြုလုပ် ချက်အရ ၇၁ ဒသမ ၉ ရာခိုင်နှုန်း | အထက်ရှိ ပါဝင်ဖြေကြားသူများသည် အကယ်၍ ကိုဗစ်-၁၉ အပိုဆောင်း ကာကွယ်ဆေးထိုးခွင့်ရပါက ထိုးချင်ကြောင်း ဖြေကြားခဲ့သည်။

သို့သော်လည်း တချို့လူများမှာ အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းနှင့် ပတ်သက်ပြီး စဉ်းစားလျက်ရှိကြောင်း သိရသည်။ အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးများကို အသက် ၁၈ နှစ်အထက်ရှိ ဩစတြေးလျ နိုင်ငံသားများနှင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထားပြီး ခြောက်လကြာသူများ ထိုးနှံနိုင်ပြီဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ ၈ ရက်အထိ အသက် ၁၆ နှစ်အထက် ၉၃ ဒသမ ၁ ရာခိုင်နှုန်း ကိုဗစ်-၁၉ ကာကွယ် ဆေးတစ်ကြိမ် ထိုးနှံပြီးပြီဖြစ် ကြောင်းသိရပြီး ၈၈ ဒသမ ၇ ရာခိုင်နှုန်းမှာ ကိုဗစ်-၁၉ကာကွယ် ဆေး အပြည့်အဝ ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။

ဆင်ဟွာ