သြစတြေးလျတောမီးကို ငြှိမ်းသတ်ပေးရင်း အမေရိကန်မီးသတ်သမား သုံးဦးသေဆုံး

၂၃ ဇန်နဝါရီ

သြစတြေးလျနိုင်ငံမှာ လောင်ကျွမ်းနေတဲ့တောမီးကို ကူညီငြှိမ်းသတ်ပေးရန် နိုင်ငံအချို့က မီးသတ်သမားတွေ ရောက်ရှိနေပါတယ်။ အဲဒီထဲက အမေရိကန် မီးသတ်သမားသုံးဦးဟာ မီးငြှိမ်းသတ်နေရင်း ရေသယ်လေယာဉ်ပျက်ကျပြီး ကွယ်လွန်သွားတာဖြစ်ပါတယ်။ 

 

134

 

အမေရိကန်မီးသတ်သမားတွေ အသုံးပြုခဲ့တဲ့ ရေတင်လေယာဉ်ဟာ ကနေဒါနိုင်ငံပိုင် C130 ဟာကျူလီဖြစ်ပြီး စနိုးရီမိုနာရိုဒေသမှာ မီးငြှိမ်းသတ်နေစဉ် အဆက်သွယ်ပျက်သွားကြောင်း နယူးဆောက်ဝေး မီးသတ်ဌာနရဲ့ ဦးစီးမှူး ဖစ်ဆိုင်မွန်က ပြောပါတယ်။ 

အခုသေဆုံးသွားတဲ့ မီးသတ်သမားတွေဟာ မီးငြှိမ်းသတ်ခြင်းနဲ့ မီးငြှိမ်းသတ်ရန် စီမံခန့်ကွဲခြင်းတွေအတွက် ဆယ်စုနှစ်များစွာ ကုန်ဆုံးခဲ့သူတွေဖြစ်ပါတယ်။ သူတို့အတွက် လေးစားဂုဏ်ယူရင်း မှတ်တမ်းတင်ပါတယ်။ မြေပြင်က မီးလုံးကြီးဟာ ပျံသန်းနေတဲ့ လေယာဉ်ကို အနှောက်အယှက်ဖြစ်ပြီး ပျက်ကျခဲ့ကြောင်း ဖစ်ဆိုင်မွန် က ပြောပါတယ်။ 

၂၀၁၉ခုနှစ် စက်တင်ဘာလက စတင်ခဲ့တဲ့ တောမီးကြောင့် လူပေါင်း အနည်းဆုံး ၃၂ ဦး သေဆုံးကြောင်း သိရပါတယ်။ 

နယူဆောက်ဝေးပြည်နယ် ဝန်ကြီးချုပ်က သြစတြေးလျအရှေ့တောင်ပိုင်းတွင်မှာလောင်ကျွမ်းနေတဲ့ တောမီးကို ငြှိမ်းသတ်ရန် ကြိုးစားနေတဲ့ မီးသတ်သမားတွေဟာ အန္တရာယ်ရှိတဲ့ အလုပ်ကို လုပ်နေတာသာ ဖြစ်တယ်။ ဒီကနေ့ တစ်ရက်တည်းမှာ လေယာဉ်အစင်း ၇၀ ကို အသုံးပြုပြီး ငြှိမ်းသတ်နေတာ ဖြစ်တယ်။ မီးငြှိမ်းသတ်နေတဲ့ လုပ်အားပေး မီးသတ်သမားတွေနဲ့ သြစတြေးလျ မီးသတ်သမားတွေဟာ အန္တရာယ်နဲ့ နေ့စဉ်ရင်ဆိုင် ကြုံတွေ့နေရပါတယ်လို့ သတင်းမီဒီယာတွေ ပြောကြားပါတယ်။ 

MDN
ကိုးကား- AFP