သောက်သုံးရေအခက်ကြုံနေသည့် မာန်အောင်မြို့ အိုးဝကျေးရွာသို့ရေများလှူဒါန်း

မာန်အောင် ၁၆  မေ 

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် အိုးဝကျေးရွာတွင် နွေရာသီအပူချိန်ကြောင့် သောက်သုံးရေကန်များ ခန်းခြောက်ပြီး သောက်သုံးရေ အခက်အခဲများ တွေ့ကြုံနေ၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ယမန်နေ့မွန်းလွဲ ၂နာရီက အဆိုပါကျေးရွာသို့သွားရောက်ပြီး အိမ်ခြေ ၃၆ အိမ်၊ လူဦးရေ ၁၆၅ ဦးအတွက်သောက်သုံးရေ ဂါလန် ၁၀၅၀ ကိုလှူဒါန်းခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

သိန်းဖေ(ပြန်/ဆက်)

802

 

359