သောင်ရင်းမြစ်ရေ မြဝတီမြို့၏ စိုးရိမ်ရေမှတ်အောက် ရောက်ရှိနေ

နေပြည်တော် ၂ သြဂုတ်


၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၃:ဝ၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ  မြစ်ရေကြီးခြင်းသတိပေးချက် ထုတ်ပြန်ချက်အရ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခွဲခန့်တွင် ရောက်ရှိနေကြောင်း သိရသည်။ 


အဆိုပါ မြစ်ရေသည် နောက်(၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပြီး မြဝတီမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြရန် အကြံပြုထားသည်။


MDN