သောင်တင်နေတဲ့ ဝေလငါး ကယ်ဆယ်ရေး အရှိန်မြှင့်တင် လုပ်ဆောင်

၂၂ စက်တင်ဘာ

 

 

ဩစတြေးလျနိုင်ငံက ကယ်ဆယ်ရေးသမားတွေဟာ သောင်တင်နေတဲ့ ဝေလငါး ၂၀၀ နီးပါးအား ကယ်ဆယ်ရေးကို အရှိန်မြှင့်တင်လုပ်နေကြပါတယ်။ သောင်တင်နေတဲ့ ဝေလငါး ၉၀ က သေဆုံးနေတာကို တွေ့ရကြောင်း သိရပါတယ်။

 

 

ဩစတြေးလျနိုင်ငံရဲ့ ကျွန်းတစ်ခုဖြစ်တဲ့ တက်စ်မေးနီးယား ကမ်းခြေကို ဘာကြောင့် ဝေလငါးတွေ သောင်တင် လာခဲ့တယ်ဆိုတာ မသိကြောင်း ပညာရှင်တွေက ပြောပါတယ်။

 

 

သောင်တင်နေတဲ့ ဝေလငါး ၂၇၀ ထဲမှ သုံးပုံတစ်ပုံဟာ တနင်္လာနေ့ ညနေပိုင်းက သေဆုံးနေကြောင်း၊ သောင်တင်နေသော အသက်ရှင်နေတဲ့ ဝေလငါးတွေကို ကယ်ဆယ်ရေးကို ရက်အနည်းငယ် အချိန်ယူရမှာလို့ အဏ္ဏဝါဗေဒ ပညာရှင် ခရစ် ကာယွန် က ပြောပါတယ်။

 

 

သောင်တင်နေတဲ့ ‌ဝေလငါးတွေ ကယ်ဆယ်ရေးမှာ ပရဟိတ သမားတွေနဲ့ ဒေသတွင်းက တံငါသည် ၆၀ လောက် ပါဝင်လုပ်ဆောင်နေကြောင်း သိရပါတယ်။

 

 

တက်စ်မေးနီးယားကျွန်းမှာ သောင်တင်နေတဲ့ ဝေလငါးတွေ မကြာခဏ တွေ့ရှိရပေမယ့် အခုလောက်များတဲ့ ပမာဏကို မတွေ့ဖူးတာ ဆယ်နှစ်ကျော်ကျော် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

 

 

MDN

ကိုးကား - AFP

mdn