ပခုက္ကူ ဇွန် ၃၀
ပခုက္ကူတက္ကသိုလ်၌ ယနေ့နံနက် ၉ နာရီက သွေးလွန်တုပ်ကွေး ရောဂါကာကွယ်နှိမ်နင်းရေး အသိပညာပေး ဟောပြောပွဲ ကျင်းပသည်။
ဦးစွာ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာ တင်ထွန်းအောင် က အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသိန်းဇော်က သွေးလွန်တုပ်ကွေးရောဂါကာကွယ် နှိမ်နင်းရေးနှင့်စပ်လျဉ်း၍ အသိပညာပေး ဟောပြောသည်။
ထို့နောက် တက္ကသိုလ်ပတ်ဝန်းကျင်ရှိ ခြင်ခိုအောင်းနိုင်သော နေရာများ၊ ရေတင်ကျန်နိုင်သော ရေပုံး၊ ရေအိုးများ၊ ဘုရားပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)


