သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

မယ်စဲ့ ၁၅ ဇွန်

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် မိုးရာသီ၌ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က မြို့ပေါ်ရပ်ကွက် နှစ်ခုတွင် ဆောင်ရွက်ခဲ့သည်။

 

mdn

 

သွေးလွန်တုပ်ကွေးရောဂါသည် ယခင်က မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသော်လည်း ယခုအခါ တစ်နှစ်ပတ်လုံးဖြစ်ပွားသဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ ရောဂါပိုးသယ်ဆောင်သောခြင်များ မပေါက်ပွားစေရေး၊ ဖုံး၊ သွန်၊ လဲ၊ စစ်ဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)