သီပေါမြို့နယ် တိုက်ပွဲရှောင်စခန်းများမှ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

သီပေါ   ဇန်နဝါရီ   ၂၈

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် တိုက်ပွဲရှောင်စခန်းများမှ တိုက်ပွဲရှောင်ပြည်သူ များအား မြို့နယ်တိုက်ပွဲရှောင်ပြည်သူများ ကူညီကယ်ဆယ် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ကြီးကြပ် ရေးကော်မတီမှ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ဇန်နဝါရီ ၂၈ ရက်က တောင်မြို့ရပ်ကွက်ရှိ ၂၅၀၀ ကျောင်းတိုက် တိုက်ပွဲရှောင်စခန်းနှင့် ဘော်ကြိုကျေးရွာအုပ်စု၊ ဘော်ကြိုဘုရားကြီးဓမ္မာရုံ တိုက်ပွဲရှောင် စခန်းများသို့ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့သည်။

 

သီပေါမြို့နယ် တောင်မြို့ရပ်ကွက်၊ ၂၅၀၀ ကျောင်းတိုက်နှင့် ဘော်ကြိုကျေးရွာအုပ်စု၊ ဘော်ကြိုဘုရားကြီး ဓမ္မာရုံ တိုက်ပွဲရှောင်စခန်းများရှိ တိုက်ပွဲရှောင်ပြည်သူ ၃၇၉ ဦးအတွက် ထောက်ပံ့ငွေ ကျပ် ၆၀၀၀၀၀ နှင့် ခရိုင်ဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီမှ ခုနစ်ရက်စာ ဆန်ရိက္ခာထောက်ပံ့ငွေ ကျပ် ၃၆၇၅၀၀ ကို မြို့နယ်တိုက်ပွဲရှောင် ပြည်သူများ ကူညီကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်စိုးဝင်းနှင့် အဖွဲ့ဝင်များက သွားရောက်ပေးအပ်ရာ တိုက်ပွဲရှောင်စခန်း တာဝန်ရှိ သူများနှင့် တိုက်ပွဲရှောင်ပြည်သူများက လက်ခံရယူခဲ့ကြသည်။

 

အဆိုပါ တိုက်ပွဲရှောင်ပြည်သူများ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးကိစ္စရပ်များ အဆင်ပြေစေရေး အတွက် မြို့နယ်တိုက်ပွဲရှောင် ပြည်သူများ ကူညီကယ်ဆယ် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက် ကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီအသင်း ဥက္ကဋ္ဌနှင့် တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများက ပူးပေါင်းကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

 

ခင်လေး(ပြန်/ဆက်)