သီပေါမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်ခွင့် ဖြေဆိုမည့် ကျောင်းသား ကျောင်းသူ ၃၁၄ ဦးရှိ

သီပေါ   ဇန်နဝါရီ    ၂၆

 

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၂၀၂၂ ခုနှစ် မတ်လနှင့် ဧပြီလအတွင်း ပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် စာစစ်ဌာန နှစ်ခုမှ ကျောင်းဖြေ ကျောင်းသား ကျောင်းသူ ၂၀၇ ဦး၊ ပြင်ပဖြေ ကျောင်းသား ကျောင်းသူ ၁၀၇ ဦး စုစုပေါင်း ၃၁၄ ဦး ရှိကြောင်း သိရသည်။

 

 

မြန်မာနိုင်ငံစာစစ်ဌာန (နေပြည်တော်)မှ တက္ကသိုလ်ဝင်ခွင့်ဖြေဆိုရန် ဝင်ခွင့်လျှောက်ထားခြင်းကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၅ ရက်အထိ ရက်တိုးပြင်ဆင် သတ်မှတ်ချက်အရ သီပေါမြို့နယ် အထက() စာစစ်ဌာနတွင် ကျောင်းဖြေ ဖြေဆိုသူ ကျောင်းသား ကျောင်းသူ ၁၆၉ ဦး၊ အပြင်ဖြေဆိုသူ ကျောင်းသား ကျောင်းသူ ၈၇ ဦး စုစုပေါင်း ၂၅၆ ဦးနှင့် အထက(နမ့်လန်) စာစာဌာနတွင် ကျောင်းဖြေ ဖြေဆိုသူ ကျောင်းသား ကျောင်းသူ ၃၈ ဦး၊ အပြင်ဖြေဆိုသူ ကျောင်းသား ကျောင်းသူ ၂၀ စုစုပေါင်း ၅၈ ဦးဖြစ်ကြောင်းနှင့် သီပေါတစ်မြို့နယ်လုံး အနေဖြင့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၃၁၄ ဦးရှိကြောင်း သိရသည်။

 

 

သီပေါမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ စာစစ်ဌာနနှစ်ခုရှိကြောင်းနှင့် အဆိုပါ စာစစ်ဌာနများမှာ အမှတ်() အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနနှင့်  အခြေခံပညာ အထက်တန်းကျောင်း နမ့်လန်စာစစ်ဌာနတို့ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

 

ခင်လေး(ပြန်/ဆက်)