သီပေါ မေ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီက နမ့်လန်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာအောင်ဖြူဦးနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက နမ့်လန်ကျေးရွာအုပ်စု မြောက်ရပ်ကွက်ရှိ တောင်သူများ၏ ကျွဲ ၈၅ ကောင်၊ နွား ၅၆ ကောင် စုစုပေါင်း ၁၄၁ ကောင်ကို လည်ချောင်းကွဲရောဂါနှင့် ပေါင်ပုပ် လက်ပုပ်ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


