သီရိလင်္ကာမြို့တော်ကိုလံဘို၌ မီးလောင်ကျွမ်းမှုဖြစ်ပွား  လူ ၂၂၀ မီးဘေးသင့်၊ နေအိမ် ၈၀ ထက်မနည်းပျက်စီး

စက်တင်ဘာ ၂၈

 

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တော်ရှိ လူဦးရေထူထပ်သောဒေသတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သဖြင့် နေအိမ်အလုံး ၈၀ ထက်မနည်းပျက်စီးခဲ့ပြီး နေအိမ်မှစွန့်ခွာထွက်ပြေးသူပေါင်း ၂၂၀ နီးပါးရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

 

အဆိုပါမြို့တော်ရှိ ကာဂျီမာဝပ်တီတိုက်ခန်းတွင် ယမန်နေ့က ဒေသစံချိန်ည ၈ နာရီက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်းနှင့် မီးသတ်သမားများက မီးသတ်ကား ၁၂ စီးဖြင့် အချိန်ကြာမြင့်စွာ မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

 

ထိုမီးလောင်ကျွမ်းမှုနှင့်ပတ်သက်ပြီး ထိခိုက်ဒဏ်ရာရသူမရှိကြောင်းနှင့် မီးဘေးသင့်ပြည်သူများအား ဝတ်ပြုရာနေရာများနှင့် ရပ်ကွက်အသင်းတိုက်များတွင် ထားရှိကြောင်း သတင်းဖော်ပြထားသည်။

 

ရဲတပ်ဖွဲ့က ထိုမီးလောင်ကျွမ်းမှုဖြစ်ပွားရသည့်အကြောင်းရင်းကို မသိရှိေသေးကြောင်းနှင့် ဆုံးရှုံးပျက်စီးမှုကုန်ကျစရိတ်ကို ခန့်မှန်းတွက်ချက်မှုမပြုလုပ်ရသေးကြောင်း ပြောကြားသည်။

 

သီရိလင်္ကာသမ္မတက မီးဘေးသင့်သူအားလုံးအတွက် ကယ်ဆယ်ရေးအထောက်အပံ့များ ချက်ချင်းဆောင်ရွက်ပေးသွားရန် ၎င်း၏အတွင်းရေးမှူးအား ညွှန်ကြားခဲ့သည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို