သီရိလင်္ကာနိုင်ငံ၏စီးပွားရေး ၂၀၂၄ ခုနှစ်အတွင်း မြင့်တက်လာမည်

 

 

ကိုလံဘို၊ ဇန်နဝါရီ ၃၀

သီရိလင်္ကာနိုင်ငံ၏ စီးပွားရေးမှာ ၂၀၂၂ ခုနှစ်က ၁၁ ရာခိုင်နှုန်းလျော့နည်းခဲ့သော်လည်း ယခုနှစ်အတွင်း ၃ ဒသမ ၅ ရာခိုင်နှုန်း သို့မဟုတ် ၄ ရာခိုင်နှုန်းနှင့် ၂၀၂၄ ခုနှစ်တွင် မြင့်တက်လာမည်ဖြစ်ကြောင်း သမ္မတ ရာနေးလ်ဝစ်ခ်ရီမီဆင်းဟီက ဇန်နဝါရီ ၂၈ ရက်က ပြောကြားသည်။

 

အစိုးရက စီးပွားရေးစီမံကိန်းများကို အကောင်အထည်ဖော်ခြင်းနှင့် ကြွေးမြီပြန်လည်တည်ဆောက်ရေး အစီအစဉ်များ အလျဉ်ပြတ်ခဲ့လျှင် နိုင်ငံသည် စီးပွားရေးအကျပ်အတည်းသို့ ကျရောက်နိုင်ဖွယ်ရှိကြောင်း သမ္မတဝစ်ခ်ရီမီဆင်းဟီက သတိပေးထားသည်။ အနုရာဓပူရတွင် ကျင်းပသည့် ဘာသာရေးပွဲ၌ မိန့်ခွန်းပြောကြားစဉ် ထိုသို့မှတ်ချက်ပြုခဲ့ကြောင်း သိရသည်။

 

ဆင်ဟွာ