သီရိလင်္ကာနိုင်ငံက အရိုးပေါ် အရေတင် ဆင်မကြီး သေဆုံး

၂၅ စက်တင်ဘာ


သီရိလင်္ကာနိုင်ငံက အသက် ၇၀ အရွယ်ရှိ အရိုးပေါ် အရေတင် ဆင်မကြီး တီကီရီ သေဆုံးကြောင်း ဒီကနေ့ တာဝန်ရှိသူတွေက ကြေညာပါတယ်။ 


ဆင်မကြီး တီကီရီဟာ  မြို့တော်ကိုလံဘိုရဲ့ အရှေ့ဘက် မိုင် ၅၀ အကွာရှိ တောရိုင်းတိရစ္ဆာန် စောင့်ရှောက်ရေး စခန်းမှာ မနေ့ညပိုင်းက သေဆုံးခဲ့တာဖြစ်ပြီး သမ္မတက ဆင်မကြီး ဘာကြောင့် သေဆုံးတယ် ဆိုတာကို ဓါတ်ခွဲစစ်ဆေးရန် အမိန့်ပေးထားပါတယ်။ 


ပြီးခဲ့တဲ့ သြဂုတ်လက ကျင်းပခဲ့တဲ့ ဗုဒ္ဓဘာသာ ဘုရားကျောင်းတစ်ခုရဲ့ ဘုရားပွဲမှာ တီကီရီ အပါအဝင် ဆင်ပေါင်း ၆၀ လှည့်လည်ခဲ့ပါတယ်။ ဆင်မကြီး တီကီရီကို တန်ဆာဆင်ပြီး သူရဲ့ အဟာရ မပြည့်ဝတဲ့ခန္ဓာကိုယ်ကို ဖုံးကွယ်ခဲ့ပေမယ့် ဆင်လုံခြုံရေးအဖွဲ့ တည်ထောင်သူ လက်ချလက် က ဆင်မကြီး တီကီရီဟာ ဝတ်စုံကြောင့် သူမရဲ့ အားနည်းနေမှုကို ရုပ်ဖျက်နိုင်ကြောင်း ဆိုရှယ်မီဒီပေါ်မှာ ရေးသားခဲ့ရာ လူထုက ဒေါသထွက်လာ စေခဲ့ပါတယ်။ 


အဲဒီလို လူထုက ဒေါသထွက်လာတဲ့ အတွက်ကြောင့်  သီရိလင်္ကာ ခရီးသွားလာရေး ဝန်ကြီးက ဆင်မကြီး တီကီရီကို ဖျော်ဖြေပွဲတွေမှာ မပါစေရန် အမိန်ပေးထားကြောင်း ပြောပါတယ်။ 


ဆင်လုံခြုံရေးအဖွဲ့ တည်ထောင်သူ လက်ချလက် က ဆင်မကြီး တီကီရီရာ အခုတော့ အေးချမ်းသွားပြီ။ သူ့ဆီကို နာကျင်စေတာတွေ မရောက်တော့ဘူး။ မင်းနဲ့ မင်းသူငယ်ချင်းတွေအပေါ် ရက်စက်တဲ့ ဒီကမ္ဘာမြေကို ပြန်မလာနဲ့တော့။ အေးငြိမ်းရာမှာ အနားယူပါတော့လို့ မနေ့ညပိုင်းက သူမရဲ့ အင်စတီဂမ်ပေါ်မှာ ရေးသားထားပါတယ်။ 


MDN
ကိုးကား -AFP