ဇန်နဝါရီ ၁၁
သီရိလင်္ကာနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း ခရီးသွားလုပ်ငန်းမှအမေရိကန်ဒေါ်လာ ၃ ဒသမ ၁၇ ဘီလီယံ နီးပါးဝင်ငွေရရှိကြောင်း ဗဟိုဘဏ်၏နောက်ဆုံးသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၂၄ ခုနှစ် ခရီးသွားလုပ်ငန်းမှရရှိသောဝင်ငွေသည် ၂၀၂၃ ခုနှစ်က ခရီးသွားလုပ်ငန်းမှရရှိသောဝင်ငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၀၇ ဘီလီယံနှင့် နှိုင်းယဉ်ပါက ၅၃ ဒသမ ၂ ရာခိုင်နှုန်းပိုမိုရရှိခဲ့သည်ဟု သိရသည်။
ခရီးသွားလာရောက်လည်ပတ်သူဦးရေ နှစ်သန်းကျော်ရှိရာ ၂၀၂၃ ခုနှစ် ခရီးသွားလာရောက်လည်ပတ်မှုနှင့်နှိုင်းယှဉ်ပါက ခရီးသွား ၃၈ ဒသမ ၁ ရာခိုင်နှုန်း ပိုမိုဝင်ရောက်ကြောင်း ဖော်ပြထားသည်။
၂၀၂၅ ခုနှစ်တွင် ခရီးသွားဦးရေ သုံးသန်းလာရောက်လည်ပတ်ရန်ဆွဲဆောင်ခြင်းဖြင့် ခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၅ ဘီလီယံ ဝင်ငွေရရှိရန် သီရိလင်္ကာအစိုးရကမျှော်မှန်းထားသည်ဟု ခရီးသွားလုပ်ငန်းမှတာဝန်ရှိသူများက မကြာသေးမီကပင် ပြောကြားထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို